ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

Understanding Debt Management: Strategies for Taking Control of Your Finances

ငွေကြေးတည်ငြိမ်မှုနဲ့ စိတ်ချမ်းသာမှုကိုရရှိစေဖို့အတွက် ယနေ့ခေတ်မှာ ကြွေးမြီတွေကို အကျိုးရှိရှိစီမံခန့်ခွဲခြင်းဆိုတာ အရေးပါတဲ့ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပါပြီ။ တာဝန်ယူနိုင်တဲ့ အကြွေးတွေ၊ ပိုင်ဆိုင်မှုအကြွေးတွေ ဒါမှမဟုတ် ကြွေးမြီဆိုးတွေနဲ့ ရင်ဆိုင်နေရအချိန်မှာ အဲ့ဒီအရာတွေကိုစီမံခန့်ခွဲဖို့ နည်းလမ်းတွေကို သိရှိထားခြင်းက ငွေကြေးချမ်းသာသုခအတွက် သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုဖြစ်စေပါတယ်။

ပိုင်ဆိုင်မှုကြွေးမြီတွေကို ကြွေးမြီကောင်းများအဖြစ် သတ်မှတ်ပြီး တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ကြွေးမြီတွေကို ကြွေးမြီဆိုးများအဖြစ် အမျိုးအစားခွဲထားတယ်ဆိုတာကို ဖတ်ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့သိထား တဲ့စည်းမျဥ်းတစ်ခုကတော့ သင်ကအကြွေးတွေမဆပ်နိုင်ဘူး ဒါမှမဟုတ် လိုတာထက်ပိုပြီး သင်ကအကြွေး တွေကိုထိန်းချုပ်နေမယ်ဆိုရင် အကြွေးတွေဟာ ပိုပြီးဆိုးဝါးလာနိုင်ပါတယ်။

အခုဆောင်းပါးမှာတော့ သင့်ရဲ့ငွေကြေးအခြေအနေတွေကို ထိန်းချုပ်ဖို့ လုပ်ပိုင်ခွင့်ပေးထားရင်း အကြွေးတွေကိုဆပ်ဖို့ ဒါမှမဟုတ် စီမံခန့်ခွဲဖို့အတွက် လက်တွေ့ကျတဲ့စည်းမျဥ်း စည်းကမ်းတွေနဲ့ နည်းဗျူဟာတွေကို ဝေမျှပေးသွားမှာပါ။ ဒါဆို ငွေမချေးခင် ဒါမှမဟုတ် ငွေချေးပြီးနောက် ဖြစ်လာနိုင်တဲ့အဖြစ်အပျက်နှစ်ခုကို သုံးသပ်ကြည့်လိုက်ကြမယ်။

က။ ငွေချေးဌားမယူခင် အောက်မှာဖော်ပြထားတဲ့အချက်တွေကို ကြည့်လိုက်ကြရအောင်။

  1. သင့်ရဲ့ငွေကြေးခိုင်မာမှုအခြေအနေကိုသတ်မှတ်ထားပါ။

သင့်ရဲ့ငွေကြေးအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခြင်းဖြင့် စတင်ပါ။ သင့်ဝင်ငွေ၊ အသုံးစရိတ်တွေ နဲ့ လက်ရှိအကြွေးတွေကိုသုံးသပ်ပါ။ ဒီလိုသုံးသပ်မယ်ဆိုရင် သင့်ငွေကြေးဆိုင်ရာတာဝန်ဝတ္တရားတွေကို သေချာနားလည်ပြီး အကြွေးစီမံခန့်ခွဲမှုအစီအစဥ်ရေးဆွဲမှုကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

  1. သုံးစွဲမယ့်ငွေစာရင်းတစ်ခုဖန်တီးပြီး ဦးစားပေးသတ်မှတ်ပါ။

အကြွေးတွေကို သင့်ရဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းထဲကနေ ပြန်ဆပ်နေရစဥ်မှာ မရှိမဖြစ်အသုံးစရိတ်တွေကို ကာမိဖို့အတွက် လက်တွေ့ကျတဲ့သုံးစွဲငွေစာရင်းတစ်ခုကို ဖန်တီးပြုလုပ်ပါ။ သင်ကချေးငွေယူဖို့အတွက် စဥ်းစားနေစဥ်မှာ အတိုးကုန်ကျစရိတ်တွေကိုကြည့်ပြီးတော့ လက်ရှိသင့်ရဲ့ငွေကြေးတိုးတက်မှုဖြစ်စဥ်က သင့်ရဲ့ကြွေးမြီတွေကင်းစင်လာတဲ့အထိ အချိန်ဘယ်‌လောက်ကြာကြာစောင့်ရမလဲဆိုတာကို စောင့်ကြည့် အကဲဖြတ်ပါ။ သင့်ရဲ့ကြွေးမြီစုစုပေါင်းဟာ သင့်အိမ်ထောင်စုဝင်ငွေ စုစုပေါင်းရဲ့ ၄၀ % ထက်မပိုသင့်ပါဘူး။

  1. ပေးဆပ်ငွေနည်းဗျူဟာတစ်ခုကို ရွေးချယ်ပါ။

ငွေကြေးဆိုင်ရာပန်းတိုင်တွေကို အကောင်အထည်ဖော်ပြီး အကောင်းဆုံးကိုက်ညီလှုံ့ဆော်မှုကိုပေးမယ့် နည်းဗျူဟာကိုရွေးပါ။ ဥပမာ - သင်ကအချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုအလားအလာရှိပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုရှိတယ်ဆိုရင်တော့ အဲ့ဒီအကြွေးကိုပေးဆပ်ဖို့အတွက် အချိန်တိုချေးငွေရယူဖို့ စဥ်းစားကောင်းစဥ်းစားပါလိမ့်မယ်။ တစ်နည်းအားဖြင့် လာမယ့် ၁-၂ နှစ်အတွင်း ငွေပမာဏများများရမယ်လို့ မျှော်မှန်းထားပါက သင်ကသတ်မှတ်ထားတဲ့ ပုံသေအတိုးနှုန်းဖြင့် ချေးငွေရယူဖို့ရွေးချယ်နိုင်ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ချေးငွေပြန်ဆပ်ဖို့ စီစဥ်နိုင်ပါတယ်။ Refinancing လို့ခေါ်တဲ့ ငွေပြန်ရှာဖွေပေးခြင်းနဲ့ ပတ်သတ်တဲ့ စည်းမျဥ်းတွေနဲ့ဆိုင်တဲ့ ထည့်သွင်းစဥ်းစားချက်တွေကိုလဲ စာချုပ်မှာ ဖော်ပြထားတဲ့အတိုင်းဂရုတစိုက်စစ်ဆေးဖို့လဲ အရေးကြီးပါတယ်။

  1. အသုံးစရိတ်ကိုလျှော့ပြီး ဝင်ငွေကိုတိုးအောင်လုပ်ပါ။

သင့်အသုံးစရိတ်တွေကိုပြန်ဆန်းစစ်ပြီး အဲ့ဒီထဲက ပြန်လျှော့လို့ရမယ့်အရာတွေကို ရှာဖွေကြည့်ပါ။ အသုံးစရိတ်တွေကို မိမိအတွက် လိုက်လျောညီထွေမှုရှိအောင် လျှော့ချပါ။ မလိုအပ်ပဲနဲ့ ငွေထည့်ဝင်မှုတွေကိုမလုပ်ပါနဲ့။ သင့်နေစဥ်ဘဝမှာ ရွေးချယ်မှုတွေပြုလုပ်တဲ့အခါမှာလည်း ဂရုစိုက်ပါ။ နေ့စဥ်အသုံးစရိတ်တွေ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေအတွက် ပိုက်ဆံချေးငှားဖို့ မတွေးလိုက်ပါနဲ့။ ဒါ့အပြင် သင့်ဝင်ငွေတိုးလာစေဖို့အတွက် အခြားအလုပ်၊ အလွတ်တန်း လုပ်ငန်းလုပ်ကိုင်ခြင်း စတဲ့ဝင်ငွေတိုးစေမယ့် အခွင့်အလမ်းတွေကိုရှာဖွေပါ။ အပိုဝင်ငွေတွေကို ရှာဖွေခြင်းဟာ အကြွေးပြန်ဆပ်ဖို့နည်းလမ်းကို အရှိန်အဟုန်မြင့်မြင့်နဲ့ ဦးတည်နိုင်ပါ တယ်။

ခ။ ချေးငွေယူပြီးနောက် ကြွေးမြီတွေကိုထိထိရောက်ရောက်စီမံခန့်ခွဲဖို့အတွက် အောက်ပါနည်းလမ်းတွေကို စဥ်းစားပါ။

  1. ကြွေးမြီအတိုးနှုန်းအတွက် နှင်းဘောလုံးနည်းဗျူဟာဆိုတာကတော့ အကြွေးတွေကိုပြန်ဆပ်ဖို့ တိကျတဲ့အစီအစဥ်တစ်ခု ချမှတ်ထားပြီး အဲ့ဒီအစီအစဥ်အတိုင်း ကိုင်တွယ်ဖြေရှင်းရမယ့် ကြွေးမြီပြန်ဆပ်ရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အတိုးနှုန်းတွေကို မဆိုထားပဲ အကြွေးပမာဏ အသေးဆုံးမှအကြီးဆုံးအထိ စာရင်းပြုစုထားပြီးတော့ စတင်နိုင်ပါတယ်။ သူများတွေက အနိမ့်ဆုံးငွေပမာဏကို ပေးနေစဥ်မှာ သင်ကအနိမ့်ဆုံး ကြွေးမြီပမာဏကို ပထမဦးဆုံးဆပ်ဖို့ အာရုံစိုက်ခြင်းအားဖြင့် တစ်ဦးချင်းစီဟာ လိုချင်တဲ့ဆပ်ရန်ငွေပမာဏကို အမြန်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းဗျူဟာက စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုနဲ့တိုးတက်မှုကို အလေးထားပြီးတော့ နောက်ဆုံးတစ်ခုနဲ့ အကြီးဆုံးကြွေးမြီကိုပြန်ဆပ်နိုင်ဖို့ အကြွေးတွေကို တစ်ခုပြီးတစ်ခုဆပ်ဖို့ ရည်ရွယ်ပါတယ်။
  2. ကြွေးမြီအတိုးနှုန်းအတွက် အသံတိတ်လူသတ်သမားလို့ တင်စားကြတဲ့နည်းဗျူဟာဆိုတာက အတိုးစရိတ် ကိုလျှော့ချဖို့နဲ့ အကြွေးပြန်ဆပ်မှုကို အရှိန်မြှင့်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်ကျန်ငွေပမာဏထက် အတိုးနှုန်းကို အခြေခံတဲ့ကြွေးမြီတွေကို ဦးစားပေးခြင်းပါဝင်ပါတယ်။ အတိုးနှုန်းနိမ့်တဲ့ကြွေးမြီတွေကို ပြန်ဆပ်ဖို့ ပေးချေနေရစဥ်မှာပဲ အတိုးနှုန်းမြှင့်တဲ့အကြွေးတွေကို ဦးတည်ထားခြင်းဖြစ်ပါတယ်။ အတိုးမြှင့်တဲ့ အကြွေးတွေကိုအာရုံစိုက်ခြင်းဖြင့် တစ်ဦးချင်းစီက အလုံးစုံအတိုးဝန်ထုပ်ကိုလျှော့ချ‌ပေးပြီး ရေရှည်မှာငွေပိုစု စေနိုင်မှာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်နည်းဗျူဟာက အတိုးနှုန်းတွေရဲ့ ငွေကြေးဆိုင်ရာအကျိုးသက်ရောက် မှုတွေကို အလေးထားပြီး ကုန်ကျစရိတ်များတဲ့ အကြွေးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးဖို့ ရည်ရွယ် ပါတယ်။ ဒါ့အပြင် ဒီနည်းဗျူဟာဟာ လူတစ်ဦးချင်းစီက မိမိတို့ရဲ့ငွေကြေးအပေါ် ချုပ်ကိုင်နိုင်စေဖို့နဲ့ အကြွေးကင်းလွတ်မှု အမြန်ဆုံးရရှိပေးဖို့ ခွင့်ပြုပေးပါတယ်။
  3. စေ့စပ်ညှိနှိုင်းပြီးကျစ်လစ်စုစည်းပါ။ သက်သာတဲ့အတိုးနှုန်းတွေ ဒါမှမဟုတ်ပိုမိုအဆင်ပြေစေတဲ့ ငွေပြန်ဆပ်မှုစည်းကမ်းချက်တွေကို သင့်အကြွေးရှင်တွေနဲ့ ဆွေးနွေးဖို့ဆက်သွယ်ပါ။ အကြွေးရှင်တော်တော် များများက ချေးငွေပြန်ဆပ်ဖို့အတွက် ကတိကဝတ်ပြုထားတဲ့ သူတွေနဲ့ အလုပ်အတူလုပ်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါ့အပြင် အတိုးနှုန်းသက်သက်သာသာနဲ့ အကြွေးတွေကို ချေးငွေတစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ စဉ်းစားလိုက်ပါ။ ဒီနည်းလမ်းကချေးငွေပြန်ဆပ်မှုကိုရိုးရှင်းလွယ်ကူစေပြီး ချေးငွေအားလုံးရဲ့ ကုန်ကျစရိတ်ကိုလဲ လျှော့ချပေးပါတယ်။
  4. အကြွေးသစ်ယူခြင်းကိုရှောင်ပါ။ လက်ရှိအကြွေးတွေကို ပြန်ဆပ်ဖို့လုပ်ဆောင်နေတဲ့အချိန်မှာ အကြွေးသစ်ယူဖို့ မတွေးပါနဲ့။ လိုချင်တာနဲ့ လိုအပ်တာကိုကွဲကွဲပြားပြားသိအောင်လုပ်ပြီးတော့ ပစ္စည်းဝယ်ဖို့ ဆုံးဖြတ်တဲ့အခါ အကန့်အသတ်နဲ့ဝယ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ထားပါ။ သင့်တိုးတက်မှုကို အဟန့်အတား ဖြစ်စေမယ့် ထပ်ဆောင်းအကြွေးတွေစုတင်ခြင်းကို ရှောင်ပါ။
  5. ကျွမ်းကျင်တဲ့လမ်းညွှန်မှုတွေကိုရှာပါ။ သင်က စိတ်ရှုပ်နေမယ် ဒါမှမဟုတ် ကိုယ်ပိုင်အကြံပေးမှုတွေကို လိုအပ်နေတယ်ဆိုရင်တော့ ငွေကြေးဆိုင်ရာအကြံပေးသူ ဒါမှမဟုတ် အကြွေးနဲ့ပတ်သက်ပြီး အကြံပေးနိုင် တဲ့သူဆီကနေ အကူအညီရယူဖို့ ဝန်မလေးပါနဲ့။ ဒီလိုကျွမ်းကျင်တဲ့ အကြံပေးနိုင်တဲ့သူတွေဆီကနေ အကြံဥာဏ်ရယူခြင်းက သင့်ကိုလမ်းညွှန်ချက်ကောင်းကောင်းပေးနိုင်မယ်၊ ပုဂ္ဂိုလ်ရေးဆန်တဲ့အကြွေး ပြန်ဆပ်ခြင်းအစီအစဉ်ကို ရေးဆွဲရာမှာလဲ အကူအညီပေးနိုင်ပြီး ရေရှည်မှာ ငွေကြေးဆိုင်ရာအောင်မြင်မှုကို ရရှိဖို့အတွက် နည်းဗျူဟာရေးဆွဲခြင်းကိုလဲ ကမ်းလှမ်းနိုင်ပါတယ်။

နိဂုံးချုပ်

ကြွေးမြီတွေကိုပြန်ဆပ်တဲ့အခါ ထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်းက ငွေကြေးလွတ်လပ်မှုနဲ့ လုံခြုံမှုကို ရရှိစေဖို့အတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။ ကြွေးမြီတွေကိုပြန်ဆပ်ဖို့ စီမံခန့်ခွဲတဲ့နေရာမှာ စည်းကမ်း၊ စိတ်ရှည်မှုနဲ့ ညီညွတ်ဖို့လဲ လိုအပ်ပါတယ်။ ဒီစည်းကမ်းတွေနဲ့ နည်းဗျူဟာတွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် သင့်အကြွေးတွေကို ရန်သူကနေမိတ်ဆွေအဖြစ်သို့ ပြောင်းလဲပေးပါ လိမ့်မယ်။ သင့်ရဲ့ငွေကြေးခိုင်မာမှုအခြေအနေကို တာဝန်ခံမှုရှိခြင်းဟာ စိတ်ဖိစီးမှုကို လျော့ချပေးမှာဖြစ်ပြီး ပိုမိုလုံခြုံပြီး ကြွယ်ဝတဲ့အနာဂတ်ကို ပုံဖော်ပေးပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့