ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

ငွေပိုသုံးမိတဲ့အခါတိုင်း ထိန်းချုပ်ဖို့ စဥ်းစားလုပ်ဆောင်သင့်တဲ့ စည်းမျဥ်းစည်းကမ်း (၁၀) ချက်

 

ငွေပိုသုံးမိတဲ့အခါတိုင်း ထိန်းချုပ်နိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့် သင့်ငွေကြေးကို ထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့အတွက် ကူညီဖို့ နည်းဗျူဟာတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေရှိပါတယ်။ အခုဆောင်းပါးမှာတော့ ‌ငွေပိုသုံးမိတဲ့အခါတိုင်း မိမိကိုယ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်စေဖို့အတွက် မတူညီတဲ့နည်းဗျူဟာတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို အကောင်အထည်ဖော်စဥ်းစားနိုင်တဲ့ စည်းမျဥ်း(၁၀)ချက်ကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

  1. ငွေအရင်စုပါ။ပထမဆုံးပြောပြပေးမယ့်စည်းမျဥ်းကတော့ ငွေအရင်စုဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေပိုသုံးမိတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ သင့်လစဥ်ဝင်ငွေကို ဘဏ်အကောင့်ထဲထည့်လိုက် တာနဲ့တစ်ပြိုင်နက် သီးခြားဘဏ်အကောင့်မှာငွေပမာဏအနည်းဆုံး ၂၀% ကို အလိုအလျောက် လွှဲပြောင်း စုတတ်တဲ့အလေ့အကျင့်တစ်ခုပြုလုပ်ထားပါ။ ငွေစုစာရင်းကိုပြုလုပ်ပြီး စီမံခန့်ခွဲခြင်းနဲ့ အလိုအလျောက် လွှဲပြောင်းမှုတွေကို ပြုလုပ်ခြင်းနဲ့ပတ်သတ်တဲ့အကြောင်းကို အရင်ဆောင်းပါးတွေမှာလဲ ဖော်ပြထားပါတယ်။ ဒီ ၂၀%စုငွေကို “သင့်အတွက်ပေးချေငွေ” လို့ သတ်မှတ်ပြီး အရေးပေါ်ရန်ပုံငွေ၊ ငွေစုခြင်း ဒါမှမဟုတ် အနာဂတ်ရင်းနှီးမြုပ်နှံမှုတွေအတွက်ရည်ရွယ်ဖို့ ထည့်သွင်းစဉ်းစားပါ။ဒီပမာဏကိုခွဲဝေသတ်မှတ်ပြီးတဲ့အခါ မှာကျန်နေတဲ့ငွေတွေကိုတော့ သင့်ငွေကြေးလုံခြုံမှုမထိခိုက်စေဘဲ စိတ်အေးချမ်းသာစွာသုံးစွဲနိုင်ပါတယ်။
  2. ၅၀/၃၀/၂၀ အချိုးစည်းကမ်းသင့်ဝင်ငွေထဲက ၅၀%ကို သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးစရိတ်တွေဖြစ်တဲ့အိမ်စရိတ်၊ သွားလာခြင်းစရိတ်နဲ့ ကုန်ခြောက်ပစ္စည်းတွေအတွက် ခွဲဝေသုံးစွဲပါ။ ဖျော်ဖြေရေးနဲ့ စားသောက်မှုအတွက် ၃၀%နဲ့ ငွေစုဆောင်းခြင်းအတွက် ၂၀% ကို ခွဲဝေထားဖို့လိုပါတယ်။ ဒီ ၅၀/၃၀/၂၀ အချိုးစည်းကမ်းက ငွေစုဆောင်းဖို့ ဦးစားပေး‌ထားတာကြောင့် သင့်အတွက် စိတ်ကျေနပ်မှုနဲ့ လိုအပ်မှုအသုံးစရိတ်တွေကြား မျှမျှတတဖြစ်အောင် ကူညီနေမှာဖြစ်ပါတယ်။
  3. လိုချင်မှုနဲ့ လိုအပ်မှုစည်းကမ်းပစ္စည်းတစ်ခုမဝယ်ခင်မှာ အဲ့ဒီပစ္စည်းကို သင်လိုချင်လို့ဝယ်တာလား၊ လိုအပ်လို့ဝယ်တာလားဆိုပြီး ပိုင်းခြားထားပါ။ ဒီလိုပိုင်းခြားတာကိုလူတိုင်းကမမြင်နိုင်ပေမယ့် လိုအပ်မှုတွေရဲ့ ကုန်ကျစရိတ်တွေအပေါ်မှာ သူတို့ရဲ့နောက်ထပ်အမြင်တစ်ခုကတော့ အဲ့ဒီကုန်ကျစရိတ်တွေအတွက် မပေးချင်ဘူးဆိုရင်တောင်မှ အဲ့ဒီကုန်ကျစရိတ်တွေအပေါ်မှာ သင်ကအာရုံစိုက်ခံတောင်းဆိုမှုရနေမှာပဲဖြစ်ပါတယ်။ အိမ်ငှားရမ်းမှု၊ အသုံးစရိတ်၊ ပေါင်နှံပြန်ဆပ်မှု၊ ချေးငွေနဲ့ ခရီးစရိတ်တွေကတော့ ဘဝရဲ့လိုအပ်မှုအဖြစ် လုပ်ဆောင်ရမယ့် တာဝန်တွေပါ။ တစ်ချို့သူတွေက ကျန်းမာရေးအာမခံ မလိုဘူးလို့ အငြင်းအခုန်လုပ်နေတဲ့အချိန်မှာ သင့်ကျန်းမာရေးနဲ့ ငွေကြေးခိုင်မာမှုကို အကာအကွယ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ လိုချင်မှုနဲ့ လိုအပ်မှုစည်းကမ်းကို ခွဲခြမ်းတတ်တဲ့အမြင်နဲ့ ကြည့်တတ်ဖို့ အရေးကြီးပါတယ်။
  4. နှောင့်နှေးကျေနပ်မှုစည်းကမ်းလိုချင်တဲ့ပစ္စည်းတွေကို အမြဲဝယ်နေတာကို ရပ်လိုက်ပြီး ငွေကိုချွေတာ စုဆောင်းလိုက်ခြင်းဖြင့် နှောင့်နှေးကျေနပ်မှုစည်းကမ်းကို အလေ့အကျင့်ပြုလုပ်နိုင်ပါတယ်။ ငွေကြေးဆိုင်ရာပန်းတိုင်တွေကို ချမှတ်ထားပြီး မိမိအတွက်မလိုအပ်တဲ့အရာတွေကို မဝယ်ယူမိခင်မှာ အဲ့ဒီငွေကြေးပန်းတိုင်တွေအတိုင်း လျှောက်လှမ်းပါ။ ဒီစည်းကမ်းလေးက စိတ်ရှည်သည်းခံမှုအလေ့အကျင့်ကို ပျိုးထောင်ပေးပြီးတော့ မလိုအပ်ပဲအသုံးစရိတ်တွေသုံးဖြုန်းနေခြင်းကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။
  5. ငွေသား ဒါမှမဟုတ် Debit ကတ်တွေကိုသုံးပါ။အကြွေးတင်ခြင်းကို ရှောင်ရှားဖို့အတွက် အကြွေးဝယ်ကတ်တွေကိုမသုံးပါနဲ့။ ငွေပိုသုံးစွဲတာကို ကာကွယ်ဖို့အတွက် ငွေသား ဒါမှမဟုတ် debit ကတ်တွေကိုသုံးပါ။ ငွေသားအသုံးပြုမယ်ဆိုရင် အပတ်တိုင်း ဒါမှမဟုတ် လတိုင်းမှာ သတ်မှတ်ထားတဲ့ငွေပမာဏကို ဖယ်ထုတ်ပြီး အဲ့ဒီပမာဏအတိုင်း ကန့်သတ်သုံးစွဲပါ။ ဒီနည်းလမ်းလေးက သင့်ပိုက်ဆံအိတ်ထဲက ငွေတွေထွက်သွားတာကိုမြင်ရတဲ့အတွက် အသုံးစရိတ်တွေကို သတိကြီးကြီးနဲ့ သုံးတတ်စေမှာဖြစ်ပါတယ်။ အကြွေးဝယ်ကတ်တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုလဲ အရင်ဆောင်းပါးမှာဖော်ပြထားပါတယ်။
  6. ရက် ၃၀ စာရင်းစည်းကမ်းသင်ဝယ်ချင်တဲ့ပစ္စည်းတွေကို စာရင်းပြုစုထားပါ။ ဒါပေမယ့် အရေးပေါ်အတွက် ဒါမှမဟုတ် မလိုအပ်ဘူးဆိုရင်တော့ အလျင်စလိုမလုပ်ပါနဲ့။ သင်တစ်စုံတစ်ခုကို ဝယ်ချင်နေတဲ့အခါ အဲ့ဒီအရာ ကိုစာရင်းပြုစုထားပြီး မဝယ်ခင် ရက်၃၀ စောင့်ဖို့ ကတိကဝတ်ပြုလုပ်ထားပါ။ သင်ဝယ်ဖို့ အချိန်စောင့်ပြီးတာနဲ့ အဲ့ဒီပစ္စည်းကို မလိုအပ်တော့ကြောင်း သင်နားလည်သဘောပေါက် လာပါလိမ့်မယ်။ ဒါဆို ဒီပစ္စည်းက သင်မလိုအပ်၊ မလိုချင်တဲ့စာရင်းဖြစ်တယ်ဆိုတာကို သိလာပါလိမ့်မယ်။
  7. စာရင်းသွင်းမှုစာရင်းစစ်စည်းကမ်းသင် စာရင်းသွင်းထားတဲ့ဝန်ဆောင်မှုတွေ ဥပမာအားဖြင့် တိုက်ရိုက်အသုံးပြုနိုင်တဲ့ပလက်ဖောင်းများ၊ အားကစားအသင်းဝင်ခြင်း၊ မဂ္ဂဇင်းစာရင်းသွင်းခြင်း စတာတွေကို ပုံမှန်စစ်ဆေးပြီး အဲ့ဒီအရာတွေရဲ့တန်ဖိုးကို အကဲဖြတ်ပါ။ သင်မသုံးတော့တာ ဒါမှမဟုတ် မလိုအပ်တဲ့ မည်သည့်စာရင်းသွင်းမှုတွေကိုမဆို ပယ်ဖျက်ပါ။ ဒီစည်းမျဉ်းက အချိန်နဲ့တစ်ပြေးညီ စုပုံလာနိုင်တဲ့အသုံးစရိတ်တွေ မကြာခဏ သုံးစွဲနေတာကနေ ဖယ်ရှားပေးပါတယ်။
  8. တစ်ခုဝင်တစ်ခုထွက်စည်းကမ်းသင့်အိမ်ကို ပစ္စည်းအသစ်တစ်ခု ဝယ်ယူလာတဲ့အခါ အရင်ပစ္စည်းထဲက တစ်ခုကို ရှင်းလင်းထားဖို့ ပြုလုပ်ထားပါ။ ဒီစည်းကမ်းက သင့်ကိုမလိုအပ်ပဲ ဝယ်ယူမှုတွေမပြုလုပ်မီ နှစ်ခါပြန် စဉ်းစားဖို့အတွက် တိုက်တွန်းအားပေးပါတယ်။ ပိုမိုရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့အတွက် သင့်ကို အကူအညီပေးပါတယ်။ ဒီစည်းမျဥ်းက သင့်မလိုလားအပ်တဲ့ကုန်ပစ္စည်းတွေကို ပြန်လည်အသုံးပြုဖို့နဲ့ မလိုအပ်တဲ့ အသုံးစရိတ်ငွေအချို့ကို ပြန်လည်ရယူဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။
  9. ရိုးရှင်းတဲ့ လူနေမှုဘဝကို ကျင့်သုံးပါ။သင်အသုံးပြုတဲ့ပစ္စည်းတွေနဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးပြီး အသုံးစရိတ်နည်းအောင်သုံးတတ်တဲ့အကျင့်ကို ပြုလုပ်ထားပါ။ မလိုအပ်ပဲပစ္စည်းဝယ်ယူနေမှုကို ရှောင်ရှားပြီး ရုပ်ဝတ္ထုပိုင်ဆိုင်ထားမှုထက် အတွေ့အကြုံရှိပြီး အဓိပ္ပါယ်ရှိတဲ့လူမှုဆက်ဆံရေးတွေအ‌ပေါ် အလေးအနက်ထားဂရုပြုပါ။
  10. အထူးကိစ္စရပ်တွေအတွက် အစီအစဥ်ချမှတ်ထားပါ။မွေးနေ့ပွဲ ဒါမှမဟုတ် အားလပ်ရက်တွေနဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် အစီအစဥ်ချမှတ်ထားပြီး ငွေစုထားပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် နောက်ဆုံးမိနစ်အထိ ငွေပိုသုံးစွဲနေမှုကို ထိန်းချုပ်ကာကွယ်ထားပေးမှာဖြစ်ပြီး အဲ့ဒီကာလတွေမှာ ငွေကြေးဆိုင်ရာဖိစီးမှုတွေကိုလဲ လျှော့ချပေးပါတယ်။ အရေးကြီးကိစ္စရပ်တွေအတွက် ကြိုတင်အစီအစဥ်ချမှတ်ထားခြင်းဟာ အသုံးစရိတ်ပိုသုံးနေတာကို ခံနိုင်ရည်ရှိဖို့ဆွဲဆောင်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပရိုမိုးရှင်းးတွေနဲ့ စျေးလျှော့စျေးတွေကိုရယူခြင်းဖြင့် ဝယ်ယူနေမှုတွေကို ပညာရှိရှိစီစဉ်ကာ အသုံးချနိုင်ပါတယ်။ဒါဆိုရင်တော့ သင်ရရှိနိုင်တဲ့အကောင်းဆုံးစျေးနှုန်းတွေကိုခံစားနိုင်ပြီး ငွေပမာဏများစွာကိုလဲချွေတာနိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် သင့်အသုံးစရိတ်ရည်မှန်းချက်ပန်းတိုင်တွေဆီကိုရောက်ဖို့ ကတိကဝတ်ပြုပြီး ကူညီပေးကာ တာဝန်ခံနိုင်တဲ့လုပ်ဖော်ကိုင်ဖက်အဖြစ် သင့်သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေထဲကရှာပါ။ တစ်နည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အကျိုးထိရောက်မှုရှိကြောင်း သက်သေပြထားတဲ့ နည်းလမ်းတွေကို အချင်းချင်းဖလှယ်နိုင်မှာဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူနေခြင်းက တန်ဖိုးရှိပါတယ်။ အရေးကြီးတဲ့အချက်ကတော့ သင်ငွေကြေးသုံးစွဲမှုအလေ့အကျင့်တွေကို သတိထားဖို့နဲ့ ငွေကြေးရည်မှန်းချက်တွေနဲ့ ကိုက်ညီမယ့်ရွေးချယ်မှုတွေ ပြုလုပ်ဖို့ဖြစ်ပါတယ်။ အလေ့အကျင့်တွေဆိုတာ အတွေး‌တွေ၊ လှုပ်ဆောင်ချက်တွေနဲ့ အဖန်တလဲလဲပြုလုပ်ခြင်းတွေကနေ လာတယ်ဆိုတာကို အမှတ်ရထားပါ။ ဒါကြောင့် သင့်အတွေးအခေါ်စိတ်ဓာတ်တွေကိုပြုပြင်ပါ။ တစ်ဒေါ်လာကို စတင်သုံးစွဲခြင်းက သင့်ကိုပျော်ရွှင်မှုတွေယူဆောင်လာပေးမလားဆိုတာ စဥ်းစားပြီး နှစ်ဒေါ်လာစုခြင်းအားဖြင့်ရေရှည်မှာ အကျိုးရှိစေမယ်ဆိုတာကိုလဲ စဥ်းစားပါ။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့