ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

အသေးစားစီးပွားရေးလုပ်ငန်းကျရှုံးမှုကို ကာကွယ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အဆင့်များ

 

အသေးစားစီးပွားရေးလုပ်ငန်းကျရှုံးမှုကို ကာကွယ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အဆင့်များ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ခြင်းဟာစိတ်ဝင်စားစရာကောင်းပြီးတော့အကျိုးကျေးဇူး တွေရရှိစေပါတယ်။ဒါပေမယ့်ကြိုတင်စီမံခြင်းနဲ့စျေးကွက်အခြေအနေကိုနားမလည်ထားဘူးဆိုရင်တော့ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာကျရှုံးနိုင်ခြေရှိပါတယ်။စီးပွားရေးလုပ်ငန်းတိုင်းစတင်မလုပ်ခင်မှာ အခုဖော်ပြထားတဲ့အရာတွေကိုနားလည်ထားဖို့အရေးကြီးပါတယ်။စီးပွားရေးစျေးကွက်နဲ့ဦးတည်ထားတဲ့ ဝယ်ယူသူတွေရဲ့အကြောင်းကိုထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေမတည်ဆောက်ခင်မှာနားလည်ထားဖို့အ‌ရေးကြီး ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တိုင်းကမိမိတို့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေကိုစျေးကွက်ကကြိုက် နှစ်သက်ကြမယ်လို့ယူဆလေ့ရှိကြပါတယ်။ဒီဆောင်းပါးမှာတော့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက်လုပ်ငန်းတည်ထောင်တဲ့အခါအောင်မြင်မှုလမ်းကြောင်းဆီကိုရောက်ရှိနိုင်ဖို့နဲ့စွန့်စားမှုတွေကို လျှော့ချပေးဖို့အတွက်သိထားသင့်တဲ့အဆင့်(၇)ဆင့်ကိုဝေမျှပေးသွားပါမယ်။ 

  1. စျေးကွက်သုတေသနစစ်တမ်းကောက်ယူမှုတွေကိုဆောင်ရွက်ပါ။:

ဒီအဆင့်မှာအချက်အလက်စုဆောင်းခြင်း၊ လုပ်ငန်းလမ်းကြောင်းခွဲခြမ်းစိတ်ဖြာခြင်းနဲ့ထုတ်ကုန်ဝယ်ယူသူ တွေရဲ့နှစ်သက်မှုကိုနားလည်ခြင်းတို့ပါဝင်ပါတယ်။ ဝယ်ယူအသုံးပြုသူတွေရဲ့စကားကိုနားထောင်ခြင်းက စီးပွားရေးလုပ်ငန်းရှင်တိုင်းခြုံငုံကြည့်ရှုရမယ့်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။  

စီးပွားရေးလုပ်ငန်းရှင်တွေကမိမိတို့ပစ္စည်းဝယ်သူတွေရဲ့ပြောသံကိုနားထောင်ပေးသင့်ပြီးပြောဆို ဆက်သွယ်ရမယ့်သူတွေဖြစ်ပါတယ်။စီးပွားရေးစကားဝိုင်းတစ်ခုမှာပါဝင်ဖို့သင့်အချိန်နဲ့အားထုတ်မှုကိုအမြဲ အပ်နှံထားပြီး ဝယ်ယူအသုံးပြုသူတွေရဲ့ စကားသံကို ပုံမှန်အတိုင်း တက်တက်ကြွကြွနားထောင်ပေးပါ။ သင့်ရဲ့ အလားအလာရှိတဲ့ထုတ်ကုန်အသုံးပြုသူတွေဆီကတုံ့ပြန်ချက်တွေကိုတိုက်ရိုက်မကြားပဲနဲ့တော့မှန်ကန်တဲ့ ထုတ်ကုန်တွေကိုတည်ဆောက်လို့မရနိုင်သလိုတိုးတက်အောင်လဲလုပ်နိုင်မှာမဟုတ်ပါဘူး။အောက်မှာ ဖော်ပြသွားမယ့်ချဥ်းကပ်မှုတွေကိုသင့်အနေနဲ့စဥ်းစားနိုင်ပါတယ်။  

  • ၁း၁ အင်တာဗျူးများ၊ ဦးတည်ထားတဲ့အုပ်စုများ၊ အွန်လိုင်းကနေတုံ့ပြန်ချက်နဲ့စိတ်ဝင်စားဖို့ ကောင်းမယ့်ခေါ်ဆိုမှုများ 
  • ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတွေအတွက်ဘယ်လောက်ပေးဖို့ဆန္ဒရှိကြောင်းအစစ်အမှန် တောင်းဆိုမှုများ၊ နာကျင်စရာအချက်များအပေါ်မေးခွန်းများမေးခြင်း  

စျေးကွက်အခင်းအကျင်းကိုနားလည်ထားခြင်းက အသးစားစီးပွားရေးလုပ်ငန်းတိုင်း မိမိတို့ရဲ့ဗျူဟာတွေကို လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်နိုင်မှာဖြစ်ပြီးဝယ်ယူအသုံးပြုသူတွေရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတိုးတက်ခြင်းတွေကိုစိတ်ကြိုက်ဖန်တီး‌ ရွေးချယ်သင့်ပါတယ်။  

  1. ဝယ်ယူအသုံးပြုသူရဲ့ကိုယ်ရေးအကျဥ်းကိုချဲ့ထွင်ပါ။:

အပေါ်ကအချက်တစ်ခုကအချက်အလက်တွေကိုဖြည့်သွင်းခြင်းနဲ့တုံ့ပြန်ချက်ကနေစွန့်ဦးတီထွင်သူတွေဟာ မိမိတို့ထုတ်ကုန်ဝယ်ယူအသုံးပြုသူရဲ့ကိုယ်ရေးအကျဥ်းကိုချဲ့ထွင်တည်ဆောက်ခြင်းဖြင့်လုပ်ငန်းဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီအဆင့်ဟာလုပ်ငန်းအတွက်မိမိရဲ့ဝယ်ယူသူကဘယ်သူလဲဆိုတဲ့ မေးခွန်းကိုဖြေပေးဖို့အကူအညီပေးပါလိမ့်မယ်။ 

လူဦးရေနဲ့ဆိုင်တဲ့အချက်အလက်၊ရွေးချယ်မှုနဲ့ဝယ်ယူမှု အလေ့အကျင့်တွေကိုခြုံငုံပြီးအသေးစိတ်ကျတဲ့ဝယ်ယူအသုံးပြုသူရဲ့ကိုယ်ရေးအကျဥ်းတွေကိုဖန်တီးပါ။ ဒါဆိုရင်တော့နောက်ပိုင်းမှာ သင့်ရဲ့စျေးကွက်ရှာဖွေရေးကြိုးပမ်းမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးနိုင်ရုံသာမက ထုတ်ကုန်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့အပြင် သုံးစွဲသူရဲ့ အသက်မွေးဝမ်းကြောင်းမှု၊ တည်နေရာ၊ အသက်၊ ဝင်ငွေ၊ ကျားမရေးရာ ၊ ဝါသနာတွေနဲ့ ရွေးချယ်မှုအစရှိတဲ့ အထွေထွေသတင်းအချက်အလက်တွေကိုရယူဖို့ကူညီပေးသွားမှာဖြစ်ပါတယ်။ သင့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ အတွင်းကျကျသတင်းအချက်အလက်တွေဖြစ်တဲ့ အမေးအဖြေတွေကိုလဲ လုပ်ဆောင်နိုင်ပါလိမ့်မယ်။  

  1. စျေးကွက်အရွယ်အစားနဲ့ ယှဥ်ပြိုင်မှုကိုလေ့လာအကဲဖြတ်ပါ။:

မိမိရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုဝယ်မှုသုံးစွဲနေသူရဲ့ကိုယ်ရေးအကျဥ်းကို အမျိုးအမည်ဖော်ပြပြီးတာနဲ့ နောက်တစ်ဆင့်ပြုလုပ်ရမှာကတော့ စျေးကွက်အရွယ်အစားနဲ့ဘယ်နှစ်ယောက်ကအဲ့ဒီထုတ်ကုန်ဝန်ဆောင် မှုတွေကိုသုံးစွဲလာနိုင်ခြေရှိတယ်ဆိုတာကိုသတ်မှတ်ထားဖို့ဖြစ်ပါတယ်။သင့်စီးပွားရေးအတွက်အလားအလာ ရှိတဲ့ဝယ်လိုအားနဲ့ဝင်ငွေကိုတိုင်းတာဖို့အရေးကြီးပြီးစျေးနှုန်း၊စျေးကွက်ရှာဖွေရေးဗျူဟာတွေနဲ့အရင်းအမြစ် ခွဲဝေခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာဖြစ်ပါတယ်။ 

  1. ငွေကြေးနဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေကို လုပ်ဆောင်ပါ။

တစ်မြို့စီအတွက်အလားအလာရှိတဲ့ဝယ်ယူအသုံးပြုသူတွေစုစုပေါင်းကိုသင်ကဖန်တီးပြီးတာနဲ့ တစ်ပြိုင်နက် ဥပမာအားဖြင့် ရန်ကုန်မြို့မှာပင်ဝယ်ယူသုံးစွဲသူတစ်သန်းရှိတယ်ဆိုရင် သင့်အနေနဲ့အခုဝယ်ယူ သုံးစွဲနေသူတွေအတွက် ငွေကြေးဆိုင်ရာခန့်မှန်းချက်တစ်ခုရေးဆွဲပြုလုပ်ဖို့လိုအပ်ပါတယ်။ 

ငွေကြေးဆိုင်ရာနဲ့ပတ်သက်တဲ့ပရောဂျက်ကိုချမှတ်ရေးဆွဲခြင်းဖြင့်ဖြစ်လာနိုင်ချေရှိတဲ့စွန့်စားမှုတွေကိုခွဲခြား သတ်မှတ်နိုင်မှာဖြစ်ပြီးလက်တွေ့ကျတဲ့ပန်းတိုင်တွေကိုလဲချမှတ်နိုင်ကာဈေးနှုန်း၊ရင်းနှီးမြှုပ်နှံမှုနဲ့ အရင်းအမြစ်ခွဲဝေမှုတို့နဲ့ပတ်သက်တဲ့အသိဉာဏ်ဖြင့်ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာပဲဖြစ်ပါတယ်။ 

  1. စျေးကွက်ရှာဖွေရေးအစီအစဥ်တစ်ခု‌ရေးဆွဲဖန်တီးပါ။

ကောင်းမွန်စွာစီစဥ်ချမှတ်ထားတဲ့စျေးကွက်ရှာဖွေရေးအစီအစဥ်တစ်ခုဟာအသေးစားစီးပွားရေးလုပ်ငန်း အောင်မြင်ဖို့အတွက်မရှိမဖြစ်အရေးပါပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အချက်နံပါတ်(၄)မှာပါတဲ့ထည့်သွင်း စဥ်းစားရမယ့်ဖြစ်ရပ်တိုင်းကိုအခြေခံပြီးတော့စျေးကွက်ရှာဖွေရေးအစီအစဥ်ကိုရေးဆွဲသင့်ပါတယ်။ ဒီအစီအစဥ်ကိုဦးတည်ထားတဲ့သုံးစွဲသူတွေဆီရောက်နိုင်ဖို့ထိရောက်မှုအရှိဆုံးစျေးကွက်ရှာဖွေရေး လမ်းကြောင်းတွေကိုခွဲခြားသတ်မှတ်ထားပြီးဝယ်ယူသုံးစွဲသူတွေကိုဆွဲဆောင်ဖို့နည်းဗျူဟာတွေကို လဲရေးဆွဲပါ။  

  1. ရင်းနှီးမြှုပ်နှံမှုတွေနဲ့အရင်းအမြစ်တွေကိုခွဲဝေသတ်မှတ်ပြီးအစီအစဥ်ချပါ။

စျေးကွက်ဆိုင်ရာလုပ်ငန်းလည်ပတ်မှုအစီအစဥ်တွေကနေသင့်စီးပွားရေးအစီအစဥ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့အရင်းအမြစ်တွေကိုခွဲဝေသတ်မှတ်ပြီးအစီအစဥ် ချမှတ်စဥ်းစားဖို့အချိန်ရောက်လာပါပြီ။အချက်နံပါတ်၄)မှာဖော်ပြထားတဲ့အတိုင်းငွေကြေးဆိုင်ရာ အခြေအနေတွေကို‌ရေးဆွဲထားတဲ့သတ်မှတ်ဘောင်အတွင်းလုပ်ငန်းလည်ပတ်မှုတွေကိုပံ့ပိုးကူညီပေးဖို့ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာအရင်းအမြစ်တွေ၊လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ငွေကြေးဆိုင်ရာ အရင်းအမြစ်တွေကိုလေ့လာသုံးသပ်ပါ။ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တိုင်းဟာအဆိုးနဲ့အကောင်း ဖြစ်လာနိုင်တဲ့ဖြစ်ရပ်တိုင်းအတွက်ရင်းနှီးမြှုပ်နှံမှုနဲ့အရင်းအမြစ်ခွဲဝေခြင်းကိုသတ်မှတ်ပိုင်းခြားတတ်ဖို့ လိုအပ်ပါတယ်။ ဒါဟာစီးပွားရေးကြီးထွားမှုနဲ့ရေရှည်တည်တံ့‌ရေးအတွက်ပံ့ပိုးကူညီပေးပါလိမ့်မယ်။   

 7. အတိုင်းအတာတစ်ခုထိချဲ့ထွင်နိုင်တဲ့စီးပွားရေးပုံစံကိုတည်ဆောက်ပါ။

အသေးစားစီးပွားရေးလုပ်ငန်းတိုင်းစတင်တဲ့အခါမှာ အတိုင်းအတာတစ်ခုထိချဲ့ထွင်နိုင်တဲ့အစီအစဥ်ကိုချမှတ် ထားသင့်ပါတယ်။ ရွေးချယ်ထားတဲ့စျေးကွက်ဟာချဲ့ထွင်လာနိုင်မှုနဲ့ကြီးထွားလာနိုင်မှုအလားအလာရှိတယ် ဆိုတာကိုလဲထည့်သွင်းစဥ်းစားပါ။  

အနာဂတ်မှာကြုံလာနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ကြိုတင်မှန်းဆထားပြီးပြင်ဆင်ထားခြင်းဟာ စီးပွားရေးလုပ်ငန်းရှင်တိုင်းမိမိတို့စီးပွားလုပ်ငန်းမှာတိုးမြှင့်လာနိုင်တဲ့ဝယ်လိုအားနဲ့စျေးကွက်အခြေအနေ တွေကိုလိုက်လျောညီထွေဖြစ်အောင်ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာအရေးကြီးပါတယ်။ ဒီအဆင့်ကိုလျစ်လျူ ရှုထားလိုက်မယ်ဆိုပါကစီးပွားရေးကိုထိခိုက်စေနိုင်တဲ့ငွေကြေးဆိုင်ရာအခက်အခဲတွေကိုဖြစ်ပေါ်စေပါ လိမ့်မယ်။  

နိဂုံးချုပ်: 

အသေးစားစီပွားလုပ်ငန်းတစ်ခုစတင်လုပ်ကိုင်တော့မယ်ဆိုရင်စျေးကွက်အခြေအနေကိုနားလည်ထားခြင်းနဲ့ အစီအစဥ်သေချာစီစဥ်ချမှတ်ထားခြင်းတို့ကိုသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ အခုဖော်ပြသွားခဲ့တဲ့ စျေးကွက်သုတေသနစစ်တမ်းကောက်ယူမှုတွေကိုဆောင်ရွက်ခြင်း၊ ဝယ်ယူအသုံးပြုသူ ရဲ့ကိုယ်ရေးအကျဥ်းကိုချဲ့ထွင်ခြင်း၊စျေးကွက်အရွယ်အစားနဲ့ယှဥ်ပြိုင်မှုကိုလေ့လာအကဲဖြတ်ခြင်း၊ငွေကြေးနဲ့ ပတ်သက်တဲ့ခန့်မှန်းချက်တွေကိုလုပ်ဆောင်ခြင်း၊ စျေးကွက်ရှာဖွေရေးအစီအစဥ်တစ်ခု‌ရေးဆွဲဖန်တီးခြင်း၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အရင်းအမြစ်တွေကိုခွဲဝေသတ်မှတ်ပြီးအစီအစဥ်ချမှတ်ခြင်းနဲ့အတိုင်းအတာတစ်ခုထိ ချဲ့ထွင်နိုင်တဲ့စီးပွားရေးပုံစံကိုတည်ဆောက်ခြင်းအစရှိတဲ့မရှိမဖြစ်လိုအပ်တဲ့အဆင့်တွေကိုလိုက်နာခြင်းဖြင့် အသေးစားစီပွားရေးလုပ်ငန်းရှင်တိုင်းဟာစီးပွားရေးကျရှုံးမှုတွေကိုသိသိသာသာလျှော့ချပေးနိုင်ပါလိမ့်မယ်။ အခုဖော်ပြသွားခဲ့တဲ့အဆင့်တွေက သင့်စီးပွားရေးရေရှည်အောင်မြင်စေဖို့အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ် တစ်ခုအဖြစ်အထောက်အကူပြုစေမယ်လို့မျှော်လင့်ပါတယ်။ 

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့