ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

ကိုယ့်ရဲ့ ဝါသနာကိုအခြေခံပြီး ဝင်ငွေတိုးပွားစေမယ့် နည်းလမ်း (၅) ခု

မိမိရဲ့ အဓိကဝင်ငွေလစာအပြင် အပိုဝင်ငွေရစေဖို့ အတတ်ပညာတွေကိုမြှင့်တင်ပါ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ဝါသနာကို လေ့လာပါ။

လက်မှုပညာ၊ စာရေးသားခြင်း၊ ဓါတ်ပုံ စတဲ့ ဝါသနာမျိုးတွေက စိတ်ပါဝင်စားမှုနဲ့ အရည်အချင်းရှိပြီး အချိန်ပေး ကြိုးစားအားထုတ်နိုင်ရင် ဝင်ငွေကောင်းကောင်းရနိုင်ပါတယ်။ လူတိုင်းမှာ စိတ်ပါဝင်စားမှုအပေါ်ကွဲပြားပြီး ဝင်ငွေရှာနိုင်မယ့် နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ သင့်ရဲ့ ဝါသနာနဲ့ အားသာချက်ကို အသုံးချပြီး ဝင်ငွေရှာနိုင်ခြင်းက ဘဝတိုးတက်မှုအတွက် သာယာကျေနပ်စရာနည်းလမ်းပါပဲ။ 

သင်ကစာအရေးအသားကောင်းတယ်ဆိုရင် ဝက်ဘ်ဆိုက်ထောင်ပြီး ကိုယ့်ရဲ့စာတွေတင်ပေါ့၊ လက်မှုပညာလုပ်ရတာ သဘောကျရင်တော့ လက်မှုပစ္စည်းဆိုင်လေးဖွင့်ပေါ့။ အပိုဝင်ငွေအတွက် လုပ်ငန်းတည်ထောင်ရတာ အချိန်လိုအပ်ပေမယ့် ဇွဲလုံ့လ၊ ဝီရိယနဲ့သာ သေချာကြိုးစားရင် သင့်ရဲ့ ဝါသနာကနေ ဝင်ငွေရှာပေးနိုင်တဲ့ အရာတစ်ခုဖြစ်လာမှာပါ။

စာရေးသားခြင်း

စာရေးသားနိုင်ခြင်းနဲ့ စာရေးရတာ စိတ်ဝင်စားခြင်းဟာ လူငယ်တွေအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်ရုံသာမက အသက်မွေးဝမ်းမှုလမ်းကြောင်းကို တိုးတက်စေသလို တည်ငြိမ်ခိုင်မာတဲ့ ဝင်ငွေလည်းရရှိစေပါတယ်။ စာရေးသားခြင်းအသက်မွေးဝမ်းကြောင်းမှာ နယ်ပယ်များစွာရှိပြီး စာရေးခြင်း၊ ကဗျာရေးခြင်းအပြင် ဝက်ဘ်ဆိုက်၊ ဘလော့ဂ်၊ လူမှုကွန်ယက်စာမျက်နှာ၊ သတင်းစာမျက်နှာတွေအတွက်လည်း ရေးသားနိုင်ပါတယ်။

ကဏ္ဍနယ်ပယ်အကြောင်းအရာတစ်ခုခုကို အဓိကထားရေးသားချင်းသူများအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်အသေးလေးတွေပေါ်မှာ စာရေးသားရင်း စတင်လေ့ရှိကြပါတယ်။ စာဖတ်သူပုံမှန်ရလာတဲ့အခါ ကြော်ငြာတွေ၊ စပွန်ဆာတွေကနေ အကျိုးအမြတ်ရလာမှာပါ။ သင့်ရဲ့ ဆောင်းပါးကို ထုတ်ကုန်တစ်ခုလို ရောင်းနိုင်ပါတယ်။ အလွတ်တန်းစာရေးသားသူတွေကို ရှာဖွေနေတဲ့ ဝက်ဘ်ဆိုက်တွေ၊ လူမှုကွန်ယက်အဖွဲ့အစည်းတွေလည်းများစွာရှိပါတယ်။ ဆောင်းပါးရဲ့ အရည်အသွေးနဲ့ ပမာဏအပေါ်အခြေခံပြီး ဝင်ငွေရမှာဖြစ်ပါတယ်။ စာရေးသားခြင်းကို သေချာစတင်ချင်တဲ့သူတွေအတွက် Wordpress, Wix, Squarespace, fiverr.com တို့ကနေ စတင်ဖို့ အကြံပေးပါရစေ။ 

ဒီဇိုင်းဖန်တီးရေးဆွဲခြင်း 

ရုပ်ပုံဖန်တီးရေးဆွဲခြင်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းဖန်တီးခြင်းက စာရေးသားခြင်းလိုပဲ လူငယ်တွေအတွက် ဝင်ငွေရှာပေးနိုင်တဲ့ ဝါသနာတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ ပရောဂျက်တွေကနေ အချိန်ပိုင်းခေါ်ယူလေ့ရှိတာကြောင့် ကိုယ့်ရဲ့ အားလပ်ချိန် အပေါ်မှာူမူတည်ပြီး အလုပ်လုပ်နိုင်ပါတယ်။

ဒီဝါသနာအပေါ်မှာအခြေခံပြီး တီရှပ်၊ ဖိနပ်၊ အိတ်တွေပေါ်မှာ ကိုယ်ရဲ့ ဖန်တီးမှုတွေကို ရိုက်နှိပ်ပြီး ဝင်ငွေရရှိနိုင်ပါတယ်။ ဒီဖန်တီးမှုဈေးကွက်ကလည်း လူငယ်တွေကြားမှာ ပြိုင်ဆိုင်မှုများလာတာဆိုတော့ သုံးစွဲသူတွေရဲ့ အကြိုက်၊ ခေတ်ရေစီးကြောင်းကို လိုက်နိုင်ဖို့လိုသလို ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ထုတ်ကုန်အမှတ်တံဆိပ်ကို ဖန်တီးနိုင်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ဒီဇိုင်းတွေကို တီရှပ်၊ ဘောင်းဘီ၊ နှာခေါင်းစည်းတွေပေါ်မှာ ရိုက်နှိပ်ပြီး Print on demand၊ wall art၊ merch by Amazon၊ Teespring၊ Redbubble တို့လို ဝက်ဘ်ဆိုက်တွေပေါ်မှာ အလွယ်တကူရောင်းချနိုင်ပါတယ်။ creativemarket.com၊ Canva၊ Placeit တို့လို နေရာတွေမှာလည်း သင့်ရဲ့ ဖန်တီးမှု ဒီဇိုင်းတွေ၊ ရုပ်ပုံတွေကို ရောင်းနိုင်ပါသေးတယ်။ 

ချက်ပြုတ်ခြင်း 

အချက်အပြုတ်ကောင်းပြီး အစားအသောက်ကို လှလှပပပြင်ဆင်တတ်ခြင်းကလည်း ဝါသနာကနေ ဝင်ငွေကောင်းကောင်းရှာနိုင်စေမယ့် လက္ခဏာပါပဲ။ ဝက်ဘ်ဆိုက်၊ YouTube၊ Instagram တို့လိုနေရာတွေမှာ ကိုယ့်ရဲ့ ချက်ပြုတ်မှု အတွေ့အကြုံတွေ၊ ချက်ပြုတ်နည်းတွေကို ဝေမျှနိုင်ပါတယ်။ ကြော်ငြာစပွန်ဆာတွေကနေ ဝင်ငွေကောင်းကောင်းရပြီး အောင်မြင်နေတဲ့သူတွေ အများကြီးရှိပါတယ်။ သင့်ရဲ့ ချက်ပြုတ်ဖန်တီးမှုတွေကို တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေအောင် ဖန်တီးဖို့တော့လိုပါတယ်။

According to a Google survey, 54% of people aged 25-34 use smartphones in the kitchen. They search for delicious recipes on the Internet and practice in their kitchens. In addition, the development of e-commerce and food delivery platforms also creates opportunities for young people to sell dishes and ingredients, and earn extra income in their free time. 

ဓါတ်ပုံပညာ 

ဓါတ်ပုံပညာဆိုတာ ဝါသနာတစ်ခုအတွက်သာမဟုတ်ပဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အားသားရာ နယ်ပယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာသိရင် ဝင်ငွေရှာနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။ အွန်လိုင်းပေါ်မှာ ဓါတ်ပုံရောင်းခြင်း၊ ထုတ်ကုန်တွေကို ဓါတ်ပုံရိုက်ခြင်း၊ ဓါတ်ပုံပြိုင်ပွဲဝင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဝင်ငွေရှာနိုင်ပါတယ်။ သင်က ရှုခင်းပုံ၊ လူပုံ စတဲ့ နယ်ပယ်တစ်ခုခုကိုကျွမ်းကျင်ရင် Getty Images၊ Shutterstock တို့လို မူပိုင်ခွင့်နဲ့ ပုံတွေရောင်းတဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ သင့်ရဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေကို တင်ပြီးရောင်းနိုင်ပါသေးတယ်။ ကုမ္ပဏီတွေ၊ အမှတ်တံဆိပ်တွေ၊ ဝက်ဘ်ဆိုက်တွေက သင့်ရဲ့ မူပိုင်ဓါတ်ပုံကို သူတို့ရဲ့ ကြော်ငြာတွေ၊ လုပ်ငန်းတွေအတွက် ယူအသုံးပြုတဲ့အခါ သင့်အနေနဲ့ အခကြေးငွေရရှိဦးမှာပါ။ လှပပြီး အနုပညာမြောက်တဲ့ ဓါတ်ပုံတွေရိုက်နိုင်ခြင်းကလည်း Instagram မှာ follower များဖို့ အကြောင်းတွေဖြစ်ပြီး ကိုယ်ပိုင် brand ကိုဖန်တီးနိုင်ပြီး ကြော်ငြာ၊ စပွန်ဆာတွေကနေ ဝင်ငွေရှာနိုင်ပါသေးတယ်။ ဘယ်လိုအနုပညာမြောက်တဲ့ ဓါတ်ပုံတွေ ဖန်တီးချင်လဲဆိုတာတော့ သင့်အပေါ်ပဲမူတည်ပါတယ်။ 

လက်မှုပညာ

လက်မှုပစ္စည်းဖန်တီးခြင်းက ဝင်ငွေရှာနိုင်တဲ့ ဝါသနာပညာရပ်တစ်ခုပါပဲ။ သင်က အသေးစိတ်ပြီး လက်ဝင်တဲ့ အရာတွေဖန်တီးရတာ နှစ်သက်တယ်ဆိုရင်၊ ထူးခြားတဲ့ ပစ္စည်းတွေကိုအသုံးပြုပြီး ပန်းချီကားချပ် ဖန်တီးနိုင်သလို ဖယောင်းတိုင်၊ လက်ဝတ်ရတနာ အရာတွေလည်း ဖန်တီးပြီးရောင်းချနိုင်ပါတယ်။

ဖယောင်းတိုင်၊ လက်ဝတ်ရတနာ အရာတွေလည်း ဖန်တီးပြီးရောင်းချနိုင်ပါတယ်။ လက်မှုပစ္စည်းတွေက သူတို့ရဲ့ ထူးခြားဆန်းပြားမှု၊ အရည်အသွေးကောင်းမှုတို့ကြောင့် တန်ဖိုးထားဝယ်ယူ လေ့ရှိကြပါတယ်။ လူငယ်တွေကြားမှာရေးပန်စားလာရုံတင်မက နိုင်ငံအသစ်တစ်ခုကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေအတွက်လည်း လက်မှုပစ္စည်းတွေဆိုတာ လိုချင်မက်မောစရာပါ။ ဒါပေမယ့် လက်နဲ့ပြုလုပ်ရတဲ့ ပစ္စည်းဖြစ်တဲ့အတွက် အချိန်နဲ့ အားစိုက်ထုတ်မှုတော့လိုပါတယ်။ မတူညီတဲ့ ကုန်ကြမ်းတွေနဲ့ လက်မှုပစ္စည်းလုပ်ငန်းလုပ်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှုပိုလိုပါတယ်။

အနှစ်ချုပ်ပြောရရင် ကိုယ့်ရဲ့ ဝါသနာနဲ့ ဝင်ငွေရှာဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအိပ်မက်က လက်တွေ့အကောင်အထည်ပေါ်ပြီး ရှင်သန်မလား၊ ရပ်တန့်သွားမလားဆိုတာကတော့ သင့်ရဲ့ ဗဟုသုတ နဲ့ ကြိုတင်ပြင်ဆင်မှုအပေါ်မှာ မူတည်ပါတယ်။ သင်လိုချင်တဲ့ ရလဒ်နဲ့ အခွင့်အလမ်းတွေရဖို့ တစ်နေ့ကိုတစ်နာရီလောက် အချိန်ပေးပြီး စတင်တာက အကောင်းဆုံးပါပဲ။ ဒီနေ့ကစပြီး တစ်ခုခုကို သဘောကျနှစ်ခြိုက်တယ် ဆိုတဲ့အခြေအနေကနေ ပိုပြီးလက်တွေ့ကျကျတွေးနိုင်အောင် လေ့ကျင့်ပါ၊ ရည်မှန်းချက်ပန်းတိုင်ထားပါ၊ စည်းစနစ်ရှိပါ။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့