Rebuilding Lives, Restoring Hope

MO Myanmar Earthquake Relief Fund မှတစ်ဆင့် စုစုပေါင်းလှူဒါန်းငွေ 1,000 lakhs လက်ခံရရှိ လှူဒါန်းသွားနိုင်ရန် ရည်ရွယ်ပြီး လက်ခံရရှိသော လှူဒါန်းငွေများဖြင့် မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးသင့်ဒေသများအတွက် အရေးပေါ်လိုအပ်နေသော ဆေးဝါးများ၊ ရေသန့်နှင့် လုံခြုံစိတ်ချရသော အမိုးအကာများ ကူညီထောက်ပံပေးသွားမည် ဖြစ်ပါသည်။

Fundraising Update

📣 FUNDRAISING UPDATE

Fundraising for Earthquake Relief

110.46 Lakhs 1000 Lakhs

Target Amount

1000 Lakhs
Total Goal
889.54 Lakhs
Remaining
41
Donors
အကျဉ်းချုပ်

(၂၀၂၅) ခုနှစ်၊ မတ်လ၊ (၂၈) ရက်နေ့တွင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြရပြီး ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်လျက်ရှိပါသည်။

MO Myanmar အနေဖြင့် အရေးပေါ်လိုအပ်နေသော အထောက်အပံ့များကို ချက်ချင်းကူညီပေးနိုင်ရန်နှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများအတွက် ရေရှည်ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ "MO Myanmar Earthquake Relief Fund" ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။

လူသားချင်းစာနာထောက်ထားသော ကူညီလှူဒါန်းမှုတိုင်းသည် ဒုက္ခရောက်နေသူများ၏ဘဝများ ပြန်လည်ထူထောင်ရေးအတွက် များစွာအကျိုးပြုပါသည်။

အလှူငွေများကို အသုံးပြုသွားမည့်နေရာများ

အရေးပေါ်အထောက်အပံ့များ

အစားအသောက်၊ ရေသန့်နှင့် အရေးပေါ်လိုအပ်‌နေသော ဆေးဝါးများ ကူညီထောက်ပံ့ခြင်း။

ခိုလှုံစရာနေရာများ

ငလျင်ဘေးသင့် ပြည်သူများ၏ ပြိုကျပျက်စီးသွား‌သော နေအိမ်အဆောက်အအုံများအား ပြန်လည်တည်ဆောက်ပေးခြင်း။

ရေရှည်ပြန်လည်ထူ‌ထောင်မှုများ

ငလျင်ဘေးသင့်ဒေသများ ပြန်လည်တည်ထောင်ရေးအတွက် ထောက်ပံ့ကူညီပေးခြင်း။

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့ တတ်အားသရွေ့ ပါဝင်လှူဒါန်းကြပါစို့!!
အလှူငွေများအား ပွင့်လင်းမြင်သာမှုရှိစေရန်

MO Myanmar အနေဖြင့် လက်ခံရရှိထားသော အလှူငွေများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် အထူးအလေးထားဆောင်ရွက်သွားပါမည်။

အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးခြင်း

နေ့စဉ်လက်ခံရရှိထားသော လှူဒါန်းမှုအရေအတွက်နှင့် လှူဒါန်းငွေပမာဏတို့ကို ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားမည် ဖြစ်ပါသည်။

အသေးစိတ် အစီရင်ခံခြင်း

လှူဒါန်းငွေများကို မည်သို့မျှဝေသုံးစွဲ၍ လှူဒါန်းသွားမည်ကို အသေးစိတ်တင်ပြပေးသွားမည် ဖြစ်ပါသည်။

မြေပြင်တွင်တာဝန်ယူမှု

အမှန်တကယ် အကူအညီလိုအပ်နေသူများသာ အကူအညီအထောက်အပံ့များရရှိသွားကြောင်း အလှူရှင်များသိရှိစေရန် ရည်ရွယ်၍ မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသည့် MO Team ၏ လှူဒါန်းမှုပုံရိပ်များကိုလည်း မျှဝေပေးသွားမည် ဖြစ်ပါသည်။

လှူဒါန်းမှုများအား ဖော်ပြပေးခြင်း

အလှူရှင်စာရင်းနှင့် လှူဒါန်းငွေပမာဏတို့ကို MO Myanmar ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားပါမည်။

လှူဒါန်းမှုအား အတည်ပြုခြင်း

လှူဒါန်းငွေကို လက်ခံရရှိပါကြောင်း အတည်ပြုသည့် MO Myanmar ၏ တရားဝင်ဂုဏ်ပြုမှတ်တမ်းလွှာကို အီးမေးလ်မှတစ်ဆင့် ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

အလှူရှင်များ၏ယုံကြည်မှုသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါသည်။ လှူဒါန်းမှုတိုင်းကို မြန်မာနိုင်ငံတွင်းရှိ ဒုက္ခရောက်နေသူများ၏ဘဝများ ပြန်လည်ထူထောင်ခြင်းနှင့် မျှော်လင့်ချက်များ ပြန်လည်အသက်သွင်းခြင်းအတွက်သာ အသုံးပြုသွားမည် ဖြစ်ပါသည်။

လှူဒါန်းမှုအပြင် အခြားဘယ်လိုကူညီပေးနိုင်သေးလဲ?

💙 ပြန်လည်မျှဝေခြင်း

ဤစာမျက်နှာကို မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေနိုင်ပါသည်။

💙 ပူးပေါင်းပါဝင်ခြင်း

MO Myanmar နှင့်အတူလက်တွဲပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

💙 လုပ်ငန်းအနေဖြင့် ပံ့ပိုးခြင်း

လုပ်ငန်းများနှင့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းလှူဒါန်းခြင်းနှင့် ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်လိုပါက care@mo.com.mm သို့ ဆက်သွယ်နိုင်ပါသည်။

သင်၏စာနာမှုသည် မျှော်လင့်ချက်များစွာကို ယူဆောင်ပေးပြီး
သင့်၏ကူညီဖေးမမှုသည် ဘဝများစွာကို ပြောင်းလဲစေနိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်လိုပါက care@mo.com.mm သို့ ဆက်သွယ်နိုင်ပါသည်။

သင်၏စာနာမှုသည် မျှော်လင့်ချက်များစွာကို ယူဆောင်ပေးပြီး
သင့်၏ကူညီဖေးမမှုသည် ဘဝများစွာကို ပြောင်းလဲစေနိုင်ပါသည်။