ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

How to set up accounts between personal and business accounts?

 

မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို လုပ်ငန်းလည်ပတ်မှုကို အဆင်ပြေလွယ်ကူစွာ ပံ့ပိုးပေးနိုင်စေရန် ဘဏ်ငွေစာရင်းများကို တည်ထောင်ဖို့ တစ်ချိန်ချိန်မှာ ဆုံးဖြတ်ရမှာပါ။

 ဒီဆောင်းပါးထဲမှာတော့ လုပ်ငန်းငွေစာရင်းများ စတင်တည်ထောင်ခြင်းနဲ့ စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေမယ့် အဆင့်တွေကို အဓိကထားပြီး ဝေမျှသွားမှာ ဖြစ်ပါတယ်။ 

အရှေ့ဆောင်းပါးတွေမှာလည်း သက်ဆိုင်တဲ့ဆောင်ပါး ၂ ခုကို ဝေမျှခဲ့ပြီး ဖြစ်ပါတယ်။ 

  1. လုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာငွေကြေးကို ခွဲခြားရသည့် အကြောင်းအရင်းများ၊ ဥပမာ- တစ်ဦးချင်းနှင့် လုပ်ငန်း အတွက် ငွေကြေးစီမံခန့်ခွဲခြင်း 
  2. ကိုယ်ရေးကိုယ်တာငွေစာရင်းများစီမံခန့်ခွဲမှု 

ယ်ရေးကိုယ်တာငွေကြေးနဲ့ လုပ်ငန်းငွေကြေးများကို သီးခြားထားရှိခြင်း၏ အားသာချက်၊ အားနည်းချက်များကို ချိန်ဆပြီးနောက်၊ သင့်ကိုယ်ပိုင်အမည်နဲ့ ငွေစာရင်းအကောင့်ထားမလား ဒါမှမဟုတ် သင့်ကုမ္ပဏီအမည်အောက်မှာထားမလား ဒါမှမဟုတ် သင့်ကုမ္ပဏီအတွက် လုပ်ငန်းငွေစာရင်းရော လိုအပ်ရဲ့လားဆိုတာကို စဉ်းစားဆုံးဖြတ်ရပါမယ်။ သင့်လုပ်ငန်းရဲ့ အရွယ်အစား၊ ဖွဲ့စည်းပုံ၊ ချမှတ်ထားတဲ့ ဥပဒေမူဘောင်နှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်းလိုအပ်ချက်များအပေါ်တွင် မူတည်ပါတယ်။s ဖွဲ့စည်းပုံ၊ ချမှတ်ထားတဲ့ ဥပဒေမူဘောင်နှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်းလိုအပ်ချက်များအပေါ်တွင်မူတည်ပါတယ်။ 

၁။ လုပ်ငန်းတည်ထောင်သူ၏ အမည်အောက်တွင် ငွေစာရင်းထားရှိခြင်း 

နည်းလမ်းကတော့ သင့်လုပ်ငန်းက ကုမ္ပဏီအမည်အောက်မှာ ငွေစာရင်းတစ်ခုရှိဖို့ မလိုအပ်ဘူးဆိုရင် အခြားရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝန်ထမ်း (၃-၅) ဦးသာရှိသော “မိသားစု” ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီငယ် တစ်ခုအတွက် ပိုင်ရှင်အမည်အောက်မှာပဲ ဘဏ်ငွေစာရင်းကို အခက်အခဲမရှိ ဖွင့်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဘဏ်ငွေစာရင်းများကို လုပ်ငန်းအတွက် တစ်ခု၊ ကိုယ်ရေးကိုယ်တာအသုံးပြုရန်အတွက် တစ်ခု သီးခြားထားရှိရန် စဉ်းစားသင့်ပါတယ်။ ဒီလိုခွဲခြားထားခြင်းအားဖြင့် လုပ်ငန်းစတင်ချိန်ကနေစပြီး သင့်ငွေကြေးဆိုင်ရာများကို ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သင့်လုပ်ငန်းကို တိုးချဲ့ဖို့ ပြင်ပမှ ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေတဲ့အခါမှာလည်း ခိုင်မာပြီး ပွင့်လင်းမြင်သာသော ငွေကြေးနှင့် စာရင်းကိုင်စနစ်ရှိခြင်းက များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ 

သင်က အောက်ပါလုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်တစ်ဦးဆိုရင်တော့ မိမိအမည်အောက်မှာငွေစာရင်း ထားတဲ့နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ - 

  • ကိုယ်ပိုင်ကုန်သည် 
  • အလွတ်တန်းဝန်ထမ်း 
  • စားသောက်ဆိုင် တစ်ခုရှိသော လုပ်ငန်းရှင်၊ ဆိုင်တစ်ဆိုင်ပိုင်ရှင်၊ သို့မဟုတ် အွန်လိုင်းမှ အစားအသောက်ရောင်းချသူ 
  • ငွေတောင်းခံလွှာနဲ့ ငွေတောင်းခံခြင်းမရှိပဲ အခြေခံအခွန်ကိုသာ ပေးဆောင်သော ကုမ္ပဏီ တို့ပဲ ဖြစ်ပါတယ်။ 

သင့်ရဲ့ ကိုယ်ပိုင်ဝင်ငွေခွန် နဲ့ လုပ်ငန်းခွန်ကို ခွဲထားခြင်းအားဖြင့် အခွန်ပြန်တမ်းတွေ တင်သွင်းတဲ့အခါမှာ ပိုမိုလွယ်ကူစေပါတယ်။ အိမ်ငှားခ၊ အသုံးစရိတ်နဲ့ အခြားအိမ်သုံးစရိတ်စတဲ့ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွေနဲ့ ရောနှောထားတာထက်စာရင် စျေးကွက်ရှာဖွေရေး နှင့် လုပ်ငန်းတိုးတက်မှု လိုမျိုး လုပ်ငန်းကုန်ကျစရိတ်များကို အစီရင်ခံရာမှာ ပိုမိုရိုးရှင်းလွယ်ကူစေမှာပါ။ 

သင့်ကိုယ်ပိုင်ငွေစာရင်းကို လုပ်ငန်းအတွက် အသုံးပြုတဲ့အခါ သတိထားရမယ့် နောက်တစ်ချက်ကတော့ ဘဏ်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။ အချို့ဘဏ်တွေဆိုရင် ကိုယ်ပိုင်ဘဏ်ငွေစရင်းကို လုပ်ငန်းအတွက် အသုံးပြုခြင်းက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကြောင်း အတိအလင်း ဖော်ပြထားကြပါတယ်။ သင့်ကိုယ်ပိုင်ဘဏ်ငွေစာရင်းကို လုပ်ငန်းအတွက် အသုံးပြုနေကြောင်း တွေ့ရှိရင် ထိုငွေစာရင်းကို ပိတ်လိုက်တာမျိုး ဒါမှမဟုတ် ဝန်ဆောင်မှုအချို့ကို ကန့်သတ်လိုက်တာမျိုး ခံရနိုင်ပါတယ်။ 

၂။ လုပ်ငန်းအမည်အောက်တွင် ငွေစာရင်းထားရှိခြင်း 

သင့်ကုမ္ပဏီက အခြားရောင်းချသူ၊ ဝယ်ယူသူများနဲ့ အရေအတွက်ပမာဏများစွာ ရောင်းဝယ်ဖောက်ကားတဲ့အခါ ဒါမှမဟုတ် စာချုပ်တွေချုပ်ဆိုရတဲ့ အခါမှာတော့ လုပ်ငန်းလိုင်စင်မှာ ဖော်ပြထားတဲ့ ကုမ္ပဏီအမည်အောက်မှာ ဘဏ်ငွေစာရင်းဖွင့်ဖို့ လိုအပ်ပါတယ်။ ဥပမာ၊ သင်က ကြော်ငြာအေဂျင်စီ သို့မဟုတ် ပညာရေးဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်နေတာဆိုရင် အခြားလုပ်ငန်းတွေက သင့်ရဲ့ဝန်ဆောင်မှုတွေအတွက် စာချုပ်ချုပ်ဆိုပြီး ငွေပေးချေမှုကို လုပ်ငန်းရဲ့ ငွေစာရင်းကို ပေးချေဖို့ လိုအပ်မှာပါ။ 

လုပ်ငန်းငွေစာရင်းဖွင့်ခြင်းနဲ့ ဆက်စပ်နေတဲ့ ထပ်တိုးကုန်ကျစရိတ်တွေ ရှိလာနိုင်တာကိုတော့ သတိပြုဖို့လိုပါတယ်။ ဘဏ်တစ်ခုတည်းမှာ ကိုယ်ပိုင်ငွေစာရင်းနဲ့ လုပ်ငန်းငွေစာရင်း နှစ်ခုလုံးဖွင့်ဖို့ ရွေးချယ်နိုင်သလို ဒီလိုလုပ်ဆောင်ခြင်းဖြင့် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေ သို့မဟုတ် အတွဲလိုက်ဝန်ဆောင်မှုတွေကို အချို့ဘဏ်တွေနှင့် Fintech လုပ်ငန်းတွေကနေ ပိုမိုသက်သာတဲ့စျေးနှုန်းနဲ့ ရနိုင်ပါတယ်။ သင့်အနားက ဘဏ်လုပ်ငန်းတွေနဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါတယ်။ 

သင်က အောက်ပါလုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်တစ်ဦးဆိုရင်တော့ လုပ်ငန်းအမည်အောက်မှာ ငွေစာရင်းထားတဲ့နည်းလမ်းကို ရွေးချယ်နိုင်ပါတယ် - 

မိသားစုလုပ်ငန်း (ဝန်ထမ်း ၉ ဦးနဲ့ အောက်) နှင့် အသေးစားလုပ်ငန်း (ဝန်ထမ်း ၁၀ မှ ၁၅ ဦး) 

  1. ကြော်ငြာဝန်ဆောင်မှု၊ ပညာရေး၊ ဆေးခန်းစတဲ့ ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ လုပ်ငန်းရှင် 
  2. ရန်ပုံငွေရှာဖွေသော အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်းများ 
  3. သွင်းကုန်/ပို့ကုန် နှင့် E-commerce 
  4. ဆိုင်ခွဲများနှင့် franchise အဖြစ် တိုးချဲ့ရန် ရည်ရွယ်နေသော ဆိုင်တစ်ဆိုင် 
  5. ပူးတွဲရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ပူးတွဲတည်ထောင်သူများရှိသော ကုမ္ပဏီ 

 

၃။ ကိုယ်ရေးကိုယ်တာငွေစာရင်းနှင့် လုပ်ငန်းငွေစာရင်းအကြား ပေါင်းစပ်အသုံးပြုခြင်း 

တစ်ဖက်မှာ သင့်အနေနဲ့ လုပ်ငန်းအကောင့်တစ်ခုဖွင့်ရန် တရားဝင်မလိုအပ်ပေမယ့် အခြားတစ်ဖက်မှာလည်း သင့်ရဲ့ စီးပွားဖက်များ၊ client များ၊ supplier များနဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုရန် လိုအပ်ချက်များအပေါ် မူတည်နေပါတယ်။ အခွန်ဆောင်ရာမှာလည်း ကိုယ်ပိုင်ဝင်ငွေခွန်နဲ့ ကော်ပိုရိတ် ဝင်ငွေထွက်ငွေ အခွန်ကြား ကွာခြားချက်ရှိပါတယ်။ 

ဥပမာ သင်က အစားအသောက်ရောင်းချတဲ့ ဆိုင်တစ်ခုဖွင့်ထားတယ်ဆိုရင် များသောအားဖြင့် မိမိအမည်အောက်မှာသာ ငွေစာရင်းဖွင့်ဖို့ ရွေးချယ်ကြမှာပါ။ ဒါပေမယ့် ကုမ္ပဏီတစ်ခုခုက ပွဲတစ်ခုအတွက် သင့်ဆိုင်ကို ရွေးချယ်ပြီး သူတို့ဝန်ထမ်းအားလုံးအတွက် အစေားအသောက်စီစဉ်ပေးရမယ်ဆိုရင်၊ ထိုကုမ္ပဏီအနေနဲ့ သင့်ကုမ္ပဏီနာမည်နဲ့ စာချုပ်ချုပ်ဆိုဖို့ လိုအပ်နိုင်ပါတယ်။ ထိုကုမ္ပဏီကလည်း သင့်လုပ်ငန်းအမည်အောက်တွင်ရှိသော ငွေစာရင်းကိုသာ ငွေပေးချေမှုများ ပြုလုပ်မှာဖြစ်ပြီး ထိုဝင်ငွေအပေါ်မှာ ကော်ပိုရိတ်အခွန်ပေးဆောင်ရန် လိုအပ်ပါတယ်။ 

နောက်ဥပမာတစ်ခုကတော့ သင့်ကုမ္ပဏီက ပညာရေးပလက်ဖောင်းတစ်ခုဆိုကြပါစို့။ သင့်ကုမ္ပဏီအနေနဲ့ clientရဲ့ဝန်ထမ်းတွေကို ပေးအပ်တဲ့ နည်းပြသင်ကြားခြင်း ဝန်ဆောင်မှုများအတွက် သင့်clientများ၊ supplier များနဲ့ စာချုပ်ချုပ်ဆိုခြင်းတွေ မကြာခဏရှိမှာပါ။ ပွဲတစ်ခုခုရှိလို့ ပိုင်ရှင်လည်းဖြစ်တဲ့ သင့်ကိုပဲ နည်းပြသင်ကြားသူအဖြစ် တစ်ဦးတည်း ခေါ်ယူလိုတယ်ဆိုရင်တော့ client အနေနဲ့ သင်နဲ့သာ စာချုပ်ချုပ်ဆိုရန် တောင်းဆိုနိုင်ပါတယ်။ ထိုအခါငွေပေးချေမှုက သင့်အမည်အောက်မှာရှိတဲ့ ဘဏ်ငွေစာရင်းထဲကို ဝင်သွားမှာဖြစ်ပါတယ်။ ဒီဝင်ငွေအတွက်ကိုတော့ ကိုယ်ပိုင်ဝင်ငွေခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ 

ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းအကောင့်နှစ်ခုရဲ့ နှိုင်းယှဉ်ချက်ကိုတော့ အောက်ပါအတိုင်းဖော်ပြထားပါတယ်။ 

A - သင့်ကုမ္ပဏီထဲတွင် ရင်းနှီးမြှုပ်နှံရန် သင့်ကိုယ်ပိုင်ငွေကို စုဆောင်းခြင်း ဖြစ်ပါတယ်။ အဆင့် A - သင့်ရဲ့ တတိယ ကိုယ်ပိုင်အကေ 

B - လုပ်ငန်းမှ လစာ သို့မဟုတ် အမြတ်ငွေကို ထုတ်ယူတဲ့အခါ ဒီငွေကြေးက သင့်ကိုယ်ပိုင်ငွေစာရင်းထဲကို ပြန်လည်လွှဲပြောင်းသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့ လစာ‌ငွေ၊ အမြတ်ငွေ ကိုထုတ်ယူလိုသလားဆိုတာ သင့်ရဲ့ ငွေကြေးရည်မှန်းချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ စာရင်းကိုင်စာအုပ်အပေါ်သက်ရောက်မှုတွေကိုလည်း နားလည်စေဖို့ စာရင်းကိုင်နဲ့အတူနီးကပ်စွာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဥပမာ လစာဆိုတာ လုပ်ငန်းအသုံးစရိတ်ဖြစ်ပြီး အခွန်မှ နုတ်ယူနိုင်ပါတယ်။ နောက်ပြီး သင့်လစာက သင့်ရဲ့ကိုယ်ပိုင်ဝင်ငွေအဖြစ်နဲ့ သင်နဲ့သင့်မိသားစုအတွက် အိမ်ခြံမြေဝယ်တာမျိုး တွေအတွက် စုဆောင်းနိုင်ပါတယ်။ လုပ်ငန်းရဲ့အမြတ်အစွန်းကတော့ လုပ်ငန်းခွန်ပေးဆောင်ရမှာဖြစ်ပြီး လုပ်ငန်းမှ အမြတ်ငွေများကို လုပ်ငန်းရှယ်ယာရှင်များအကြား ခွဲဝေနိုင်သလို လုပ်ငန်းချဲ့ထွင်မှုအတွက်လည်း ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ 

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့