ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

သုညအခြေခံတဲ့ငွေကြေးသုံးစွဲမှုအစီအစဥ်ကိုသုံးပြီး သင့်ရဲ့တစ်နေ့တာကုန်ကျစရိတ်တွေကို စာရင်း မှတ်စရာမလိုအောင် ဘယ်လိုလုပ်ကြမလဲ?

 

အခုဆောင်းပါးမှာတော့ အများအားဖြင့် အလုပ်များပြီးမေ့တတ်တဲ့သူတစ်ဦးအနေနဲ့ မိမိရဲ့ ငွေကြေးသုံးစွဲမှုကို တစ်လလျှင်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် အကျိုးရှိစွာ စစ်ဆေးအသုံးပြုနိုင်ဖို့ လက်တွေ့ကျတဲ့ အချက်အလက်တချို့နဲ့အတူ ဝေမျှပေးသွားမှာဖြစ်ပါတယ်။  

သင်က တစ်နေ့တာအသုံးစရိတ်တွေကို စာရင်းမှတ်ထားဖို့ အချိန်မရပဲ အလုပ်တွေများနေလား။ ဒါဆိုရင်တော့ သုညအခြေခံတဲ့ ငွေကြေးသုံးစွဲမှုနည်းလမ်းကို စတင်သုံးပြုဖို့ အကြံပေးပါရစေ။ 

သုညအခြေခံတဲ့ ငွေကြေးသုံးစွဲမှုနည်းလမ်းကို နားလည်ခြင်း 

Zero Sum Budget လို့ခေါ်တဲ့ သုညအခြေခံတဲ့ငွေကြးသုံးစွဲမှုဆိုတာ ၀င်ငွေစုစုပေါင်းထဲကနေ အသုံးစရိတ် စုစုပေါင်းကိုနှုတ်ပြီးတာနဲ့ လက်ကျန်သုညနဲ့ ညီမျှတဲ့ ငွေကြေးသုံးစွဲမှုရေးဆွဲခြင်းနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆိုလိုတာက ရရှိတဲ့ငွေကြေးတိုင်းကို သီးသန့်ကုန်ကျစရိတ် ဒါမှမဟုတ် စုငွေအမျိုးအစား တစ်ခုချင်းစီအလိုက် ခွဲဝေပေးထားတာလို့ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ရည်ရွယ်တာကတော့ ကိုယ့်ရဲ့ဝင်ငွေအားလုံးကို ရည်ရွယ်ချက်တစ်ခု သတ်မှတ်ထားပြီး ခွဲဝေမထားတဲ့ရန်ပုံငွေမရှိရလေအောင် ချန်ထားခြင်းဖြစ်ပါတယ်။ 

ဝင်ငွေစုစုပေါင်း - ကုန်ကျစရိတ်စုစုပေါင်း = ၀ 

ဒါပေမယ့် ပစ္စည်းဝယ်ဖို့အတွက်တစ်ခုထဲနဲ့ပဲ အဆုံးလက်ကျန်ကို သုညနဲ့ညီအောင်လုပ်သင့်တယ်လို့တော့ မယူဆလိုက်ပါနဲ့။ အနာဂတ်အတွက်စုဆောင်းခြင်း ဒါမှမဟုတ် "ကိုယ်တိုင်ပေးခြင်း" ကို "စုစုပေါင်းကုန်ကျစရိတ်"ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ခွဲဝေထားသင့်ပါတယ်။ ဥပမာ - သင်က ဝင်ငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကို ချွေတာစုဆောင်းဖို့အတွက် ရည်မှန်းထားပါက၊ အထက်ဖော်ပြပါ ပုံသေနည်းဟာ အောက်မှာ ပြထားတဲ့ပုံသေနည်းလို ဖြစ်သင့်ပါတယ်။ 

ဝင်ငွေစုစုပေါင်း - (စုငွေစုစုပေါင်း ၂၀ ရာခိုင်နှုန်း+သုံးငွေစုစုပေါင်း ၈၀ ရာခိုင်နှုန်း) = ၀ 

ဒါဆိုအထက်မှာ ဖော်ပြထားတဲ့နည်းပညာအသုံးပြုပုံကို နေ့စဥ်သင့်အသုံးစရိတ်တွေမှာ နားလည်အသုံးပြုနိုင်စေဖို့အတွက် ဘယ်လိုဥပမာနဲ့ကူညီပေးရမလဲ? 

သင့်ရဲ့နေ့စဉ်ငွေကြေးသုံးစွဲမှုမှာ သုညကိုအခြေခံတဲ့ငွေကြေးသုံးစွဲမှုအကြောင်း စဉ်းစားလိုက်ပါ။ ဆိုလိုတာက နေ့စဥ်အသုံးစရိတ်ကို ကိုယ်တိုင်သတ်မှတ်ပြီးနောက် အဲ့ဒီငွေကြေးသုံးစွဲမှုကို သုညအထိကျန်အောင်သုံးလိုက်ပြီးရင် သင့်တစ်နေ့တာအသုံးစရိတ်က ရပ်တန့်သွားမှာပဲဖြစ်ပါတယ်။ နားလည်ရလွယ်ကူဖို့ ဥပမာလေးနဲ့ ဆက်ကြည့်လိုက်ကြရအောင်။ 

တနင်္ဂနွေနေ့မနက်ခင်းအစောပိုင်းမှာ မေရီကို သူမအမေက တစ်နေ့တာသူမသုံးဖို့အတွက် ၁၀,၀၀၀ ကျပ်တန် တစ်ရွက်ပေးခဲ့တယ်ဆိုပါစို့။ မေရီက ၃,၀၀၀ ကျပ်တန် အမဲကြာဇံတစ်ပွဲသွားစားဖို့နဲ့ ၁,၀၀၀ ကျပ်တန် နွားနို့တစ်ခွက်သောက်ဖို့ အိမ်လမ်းကြားလေးထဲကို ထွက်လာခဲ့ပါတယ်။ 

ပြီးတဲ့အခါမှာတော့ မေရီဟာ ကျောင်းဆင်းပြီး အိမ်ပြန်လာချိန်မှာ သူမရဲ့ စက်ဘီးတာယာက လေမရှိတော့ပဲ ပြားနေတာကြောင့် ပြင်ဖို့ စက်ဘီးပြင်ဆိုင်မှာ ၂,၀၀၀ ကျပ် ကုန်ကျသွားတယ်။ အိမ်ပြန်ရောက်လို့ အိမ်စာလုပ်ပြီးနောက်မှာ သူငယ်ချင်းတွေက နေ့လယ်ဂိမ်းကစားဖို့ ခေါ်ခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်က ၄,၀၀၀ ကျပ်တန် ဘာဂါဝယ်စားဖို့ရယ်၊ ပြီးတော့သူငယ်ချင်းတစ်ယောက်က ၅၀၀ ကျပ်တန် ရေခဲမုန့်ဝယ်ဖို့ပြောတယ်။ အဲ့ဒီမှာ မေရီက ရေခဲမုန့်ဝယ်ဖို့ဆိုရင် သူမရဲ့တစ်နေ့တာသုံးဖို့ပေးထားတဲ့ ၁၀,၀၀၀ ကျပ်ဟာ အကုန်အသုံးပြုပြီးသွားတဲ့အတွက် မဝယ်နိုင်တော့ပါဘူး။ သူမသူငယ်ချင်းက သူမအတွက် စိုက်ပေးဖို့ ကမ်းလှမ်းခဲ့ပြီးနောက်နေ့မှ ပြန်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

အဲ့နေ့ညနေမှာ သူငယ်ချင်းတွေက ညစာသွားစားရင်း ရုပ်ရှင်သွားကြည့်ကြဖို့ ပြောကြတယ်။ ရုပ်ရှင်ကြည့်၊ ညစာစားဖို့အတွက်က ၇,၀၀၀ ကျပ်ကျမှာပါ။ အခုပြပြီးတော့ မေရီဟာ သူမရဲ့နေ့စဉ်အသုံးစရိတ်များ အသုံးပြုပြီးခဲ့တာဖြစ်လို့ သူမသူငယ်ချင်းများကလဲ ဒီတစ်ခါတော့ထပ်စိုက်ပေးဖို့ ငွေမပေးနိုင်တဲ့အတွက်ကြောင့် အိမ်ကိုပဲပြန်ခဲ့ပါတယ်။ မေရီဟာ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာထဲမှာသိမ်းထားတဲ့ တစ်ခုခုကိုစားဖို့ဆုံးဖြတ်လိုက်ပြီး အိမ်စာစောစောလုပ်ပီးတာနဲ့ အိပ်ယာဝင်ခဲ့ပါတယ်။ 

ခန့်မှန်းထားတဲ့အတိုင်း မေရီဟာ တစ်နေ့တာအတွက် သုံးစွဲဖို့ ငွေ ၁၀,၀၀၀ ကျပ်သာရှိတယ်။ သူမရဲ့ငွေကြေးသုံးစွဲမှုကို စနစ်တကျဘယ်လိုစီစဉ်သုံးစွဲရမလဲဆိုတာ မသိဘူးဆိုရင် ပိုက်ဆံတွေသာကုန်ပြီး ရေခဲသေတ္တာထဲမှာရှိတဲ့ ခေါက်ဆွဲခြောက် ဒါမှမဟုတ် လက်ကျန်အစားအစာတွေကိုပဲ စားနေရပါလိမ့်မယ်။ 

နေ့စဥ်ငွေကြေးသုံးစွဲမှု 10,000 

ခေါက်ဆွဲတစ်ပွဲ –             3,000 

နို့လက်ဖက်ရည်တစ်ခွက် 1,000 

စက်ဘီးပြင်ခ 2,000 

ဘာဂါ –            4,000 

————————————— 

သုညအခြေခံရလဒ် - ၀ (သူမ အသုံးစရိတ်ကို ရပ်တန့်ဖို့ လိုအပ်တဲ့အချိန်) 

ဒါဆိုအထက်မှာဖော်ပြထားတဲ့နည်းလမ်းက အသုံးစရိတ်တစ်ခုချင်းစီကို စာရင်းမှတ်တမ်းတင်ခြင်းကနေ ရှောင်ဖို့ ဘယ်လိုမျိုးခွင့်ပြုထားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင် 

သင့်အနေနဲ့ နွားနို့အတူသောက်ခြင်း ဒါမှမဟုတ် ရုပ်ရှင်အတူကြည့်ခြင်းလိုမျိုး အကြောင်းအရာ တစ်ခုချင်းစီတိုင်းကို ချမှတ်ရေးထားဖို့ အချိန်မရဘူးလို့ တွေးကြည့်ပါ။ သင့်အတွက် နေ့စဉ်အသုံးစရိတ်ကို ကန့်သတ်ထားပြီးရင်တော့ သင့်ရဲ့နေ့စဉ်အသုံးစရိတ်ကုန်ဆုံးသွားချိန်မှာပဲရပ်တန့်သွားစေပါတယ်။ အခြား ရန်ပုံငွေတွေကိုရွေးချယ်လိုက်မယ်ဆိုရင် နောက်နေ့အတွက် သင့်ခွဲဝေမယ့်စရိတ်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို သင်သိရပါလိမ့်မယ်။ ဒီလိုနေ့စဥ်အသုံးစရိတ်တွေ ကန့်သတ်တဲ့နည်းလမ်းတွေ ကိုလုပ်ဆောင်ခြင်းဖြင့် နေ့စဉ်နေ့တိုင်း အသုံးစရိတ်အသေးစိတ်အကြောင်းအရာတိုင်းကို မှတ်စုချရေးထားခြင်းမှ အချိန်ကုန်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်အချိန်ဇယားကိုဆွဲထားပြီး တစ်နေ့တာငွေကြေးသုံးစွဲမှုကို အဲ့ဒီအချိန်စာရင်းအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။ 

အထက်မှာဖော်ပြထားတဲ့ ဥပမာကိုသုံးပြီး အသုံးစရိတ်ကို လိုအပ်ချက်အတွက် (၅၀%) နဲ့ လိုချင်မှုတွေအတွက် (၃၀%) ကို အရင်က ဆွေးနွေးခဲ့ဖူးတယ်ဆိုတာကို သတိရကြည့်ပါ။ ၅၀-၃၀-၂၀ အချိုး စည်းမျဉ်းအရ ‌မေရီရဲ့လစဉ်ငွေကြေးသုံးစွဲမှုအလုံးစုံကို သူမဝင်ငွေမှအစ အသုံးစရိတ်အထိ ခန့်မှန်းလို့ရပါတယ်။ မေရီဟာ သူ့အမေဆီက ပိုက်ဆံမရရှိဘဲ သူ့ကိုယ်ပိုင်၀င်ငွေကနေရတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု လုပ်ကိုင်နေတဲ့ လူငယ်တစ်ယောက်လို့ ဆိုကြပါစို့။ 

 ၀င်ငွေ = ၁,၀၀၀,၀၀၀ ကျပ် 

စုငွေ ၂၀% = ၂၀၀,၀၀၀ ကျပ် 

သုံးစွဲငွေ ၈၀% = ၈၀၀,၀၀၀ ကျပ် 

  • လိုအပ်ချက်အသုံးစရိတ် (အငှား၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ခြောက်) အတွက် ၅၀% = ၅၀၀,၀၀၀ ကျပ် 
  • လိုချင်မှုအသုံးစရိတ် (ဖျော်ဖြေရေး၊ သူငယ်ချင်းများနဲ့ ပျော်ရွှင်စရာ) အတွက် ၃၀% = ၃၀၀,၀၀၀ ကျပ် 
  • သုညအခြေခံ‌ငွေကြေးသုံးစွဲမှုအစီအစဥ်ဆိုတာ ဖော်ပြထားတဲ့အတိုင်း မေရီ အတွက် ၃၀၀,၀၀၀ ကျပ်/ ရက် ၃၀ စာ = ၁၀,၀၀၀ ကျပ် ဟာ သူမနေ့စဉ်ခွဲဝေမှုအသုံးစရိတ်ဖြစ်ပါတယ်။ ,000 MMK daily quota for Mary as previously illustrated. 

 

တကယ်လို့ သူမဟာ အခုပြထားတဲ့ ငွေကြေးသုံးစွဲမှုနဲ့ ခွဲဝေခြင်းကို လိုက်နာမယ်ဆိုရင်တော့ နေ့စဉ် ငွေကြေးသုံးစွဲမှုနဲ့ ခွဲဝေခြင်းစရိတ်အပေါ် နားလည်သိရှိထားဖို့ မဖြစ်မနေလိုပါတယ်။ လကုန်မှာ သူမသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေရဲ့အောက်မှာ ရှိရဲ့လားဆိုတာ လေ့လာဆန်းစစ်ရုံပါပဲ။ သူမအနေနဲ့ နေ့စဉ်အသုံးစရိတ်အသေးစိတ်တိုင်းကို စာရင်းမှတ်ထားဖို့ မလိုအပ်တော့ပါဘူး။ 

ကျွန်တော်တို့အားလုံးရော မေရီ နဲ့တူနေသလား။ အသုံးစရိတ်တစ်ခုချင်းစီကို အကြောင်းအရာတစ်ခုစီအလိုက် နေ့စဉ်စာရင်းမှတ်ဖို့အတွက် အချိန်မပေးနိုင်ဘူးလား။ 

ဒီနည်းလမ်းဟာလူတိုင်းနဲ့တော့မသက်ဆိုင်ပါဘူး။ မိမိရဲ့ အသုံးစရိတ်အလေ့အကျင့်ကို နားလည်ပြီး မလိုအပ်တဲ့အရာတွေကို အလွန်အကျွံမသုံးစွဲမိဖို့နဲ့ ဒီအလေ့အကျင့်တွေကို အမျိုးအစားခွဲထားဖို့ လိုအပ်ပါတယ်။ ဥပမာ - သင်က လိုချင်တာတွေကိုပဲ အလွန်အကျွံသုံးစွဲတဲ့သူဆိုရင်တော့ ဒီနည်းလမ်းက သင့်အတွက် သင့်တော်မှာ မဟုတ်ပါဘူး။ 

ရွေးချယ်စရာ ငွေကြေးသုံးစွဲမှုကိရိယာများစွာရှိတဲ့အနက် အခုပြောပြထားတဲ့နည်းလမ်းကို အကြံပြုပါရစေ။ သင်က သီးခြားကိရိယာတစ်ခုနဲ့ အကျွမ်းတဝင်ရှိပြီးသားဆိုရင်တော့ အဲ့ဒီနည်းလမ်းကို တသမတ်တည်း စည်းစနစ်ကျစွာနဲ့ နှစ်ကာလကြာ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ စအသုံးပြုဖို့ ရှုပ်ထွေးတဲ့ ကိရိယာမျိုးကို သင်မရွေးချင်ရင်တော့ အဲ့ဒီကိရိယာကိုသုံးပြီးလအနည်းငယ်ကြာတဲ့အခါ အကုန်လုံးကိုရပ်လိုက်ပါ။ ငွေကြေးသုံးစွဲမှုဟာ အစဥ်မပြတ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ရှောင်လွဲလို့မရပါဘူး။ ရိုးရှင်းပြီးသင့်လျော်တဲ့ ငွေကြေးသုံးစွဲမှုနည်းလမ်းတစ်ခုကို ရှာဖွေပြီးတာနဲ့ အဲ့ဒီအရာကို ဆက်လုပ်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။ 

အေက်မှာဖော်ပြထားတဲ့ လူအမျိုးအစားတွေအနေနဲ့ သုညအခြေခံတဲ့ငွေကြေးသုံးစွဲမှုနည်းလမ်းကို သုံးဖို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။  

  • သင်ဟာ အပျင်းကြီးသူတစ်ဦးဖြစ်တယ်။ 
  • သင်ဟာမကြာခဏမေ့တတ်သူဖြစ်တယ်။ 
  • သင်က စာရင်းမှတ်ဖို့ အချိန်မလုံလောက်အောင်အလုပ်များလွန်းသူဖြစ်တယ်။ 
  • သင်ဟာ အရောင်းသဘောတူညီချက်ကို အလွယ်တကူရယူနိုင်ပြီး အချိန်တိုအတွင်းမတွေးပဲ ပိုက်ဆံအိတ်ကို အချည်းနှီးဖြစ်အောင် ပြုလုပ်နိုင်တယ်။ 
  • သင့်ငွေကြေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အလွန်အကျွံသုံးဖြုန်းတတ်သူဖြစ်တယ်။ 

 

သင့်တစ်နေ့တာအသုံးစရိတ်အတွက် ခွဲဝေမှုကို ကိုယ်တိုင်မချမှတ်ထားပဲနဲ့ အကြွေးဝယ်ကတ်ကိုငွေရှင်းတဲ့ အခါ ထုတ်သုံးတာမျိုး ဒါမှမဟုတ် အတိုးမယူပဲ ရောင်းဝယ်ခြင်းမျိုးကိုတော့ မပြုလုပ်သင့်ပါဘူး။ မလိုအပ်ဘဲဈေးဝယ်ထွက်တဲ့အခါ သင့်ပိုက်ဆံအားလုံးကို မသုံးချင်ပေမယ့် သုံးမိလိုက်တဲ့အတွက် လကုန်နောက်ဆုံးရက်အနည်းငယ်အကြာမှာ သင့်ပိုက်ဆံတွေအကုန်သုံးပြီးသွားပြီလို့ တွေးပြီးရင်း နောင်တရနေမှာပါ။ 

ဒါကြောင့် လိုအပ်တဲ့အသုံးစရိတ်ကိုပဲ ဦးစားပေးပြီး အသုံးပြုပါ။ ဒီလမှာ အိမ်ဌားစရိတ်အတွက် အိမ်ရှင်ကိုငွေမပေးရသေးဘူးဆိုရင် စိတ်ထဲမှာ အိမ်ရှင်က မောင်းထုတ်တော့မှာလား ဆိုပြီး တွေးကောင်းတွေးနိုင်မှာပါ။ ဒါမှမဟုတ် သင့်ဆိုင်ကယ်မှာ ဆီကုန်သွားတဲ့အတွက် ဆီဖြည့်ဖို့ ပိုက်ဆံ မလောက်တော့ဘူးဖြစ်နေမယ်။ ဒီလိုမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ အသုံးစရိတ်တွေကို စည်းကမ်းတကျ ခွဲဝေစီမံထားသင့်ပါတယ်။ အပေါ်မှာပြောပြခဲ့တဲ့ ၅၀-၃၀-၂၀ အချိုးစည်းမျဥ်းတွေကိုသုံးဖို့ အကြံပြုချင်ပေမယ့် သင်နဲ့ကိုက်ညီသက်ဆိုင်မယ့် အချိုးစည်းမျဥ်းတွေကိုသာ ရှာဖွေအသုံးပြုပါ။ အဓိကအချက်က သင့်ဝင်ငွေရဲ့ အနည်းဆုံး ၅% ကို ချွေတာရမှာဖြစ်ပြီးတော့ ဝင်ငွေရဲ့ ၃၀% အထက်ကို မလိုအပ်တဲ့နေရာတွေမှာမသုံးမိဖို့ပဲဖြစ်ပါတယ်။ အတိုချုပ်အနေနဲ့ -  

  • ၀င်ငွေ စုစုပေါင်း - (စုစုပေါင်း စုငွေ ၂၀% + စုစုပေါင်း အသုံးစရိတ် ၈၀%*) = ၀ 
  • စုစုပေါင်းသုံးစွဲငွေ ၈၀% ကို လိုအပ်ချက်အတွက်၊ ၅၀% နဲ့ လိုချင်မှုအတွက် ၃၀% ဆိုပြီး ခွဲထားရပါမယ်။ 
  • ရက် ၃၀စာ သုံးစွဲငွေကို လိုချင်မှုအတွက် ၃၀% အဖြစ်ခွဲထားပြီးတာနဲ့ နေ့စဉ်ငွေကြေးသုံးစွဲမှုအတွက် သုံးပါ။ 
  • သင်သုံးစွဲတဲ့အရာတိုင်းကို စာရင်းမှတ်ဖို့ မလိုအပ်ပါဘူး။ 

 

ဒီဆောင်းပါးကနေတစ်ဆင့် Zero-Sum Budget လို့ခေါ်တဲ့ သုညအခြေခံငွေကြေးသုံးစွဲမှုနည်းလမ်းနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပိုမိုရရှိလာမယ်လို့ မျှော်လင့်ပါတယ်။ အခုနည်းလမ်းကို အသုံးပြုဖို့ သင့်အနေနဲ့ ကိုက်ညီမှုရှိမရှိကိုတော့သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။ ဒါဆိုရင်တော့ နေ့စဥ်ငွေကြေးသုံးစွဲမှုတွေကို မှတ်စုတွေနဲ့ စာရင်းမှတ်စရာမလိုတော့ပဲ အပူအပင်ကင်းစွာ ငွေကြေးသုံးစွဲနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ 

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့