ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

အကြွေးဝယ်ကတ်တွေကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့မဟုတ်ပဲ အကျိုးရှိ‌ရှိအသုံးပြုပါ။

 

အခုခေတ်မှာဆိုရင် အကြွေးဝယ်ကတ်တွေဟာ နေ့စဥ်လူမှုဘဝရဲ့ ငွေကြေးသုံးစွဲမှုမှာ အရေးပါလာပါပြီ။ လက်ထဲမှာ ငွေသားမကိုင်တဲ့အချိန်အခါမျိုးတွေမှာ အကြွေးဝယ်ကတ်တွေနဲ့ ကိုယ်လိုချင်တဲ့အရာတွေကို ဝယ်ယူလို့ရတဲ့အတွက် အဆင်ပြေလွယ်ကူစေပြီး လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် လူငယ်တော်တော်များများက အကြွေးဝယ်ကတ်တွေကို အသုံးပြုတဲ့အခါမှာ အနည်းငယ်သတိပြုထားဖို့လိုပါတယ်။ အကြောင်းအရင်းကတော့ အကြွေးဝယ်ကတ်တွေသုံးပြီး အကြွေးထောက်ချောက်ထဲမကျသွားစေဖို့ပါပဲ။ သင်က အကယ်၍ အကြွေးထောက်ချောက်ထဲ ပိတ်မိသွားပြီဆိုရင်တော့ ရေရည်မှာချမှတ်ထားတဲ့ ငွေကြေးဆိုင်ရာရည်မှန်းချက်တွေမှာ အကျိုးသက်ရောက်စေမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သင့်ကို စိတ်ဖိစီးနေစေမှာဖြစ်ပါတယ်။ အခုဆောင်းပါးက သင့်ဘဝမှာ ငွေကြေးနဲ့ပတ်သတ်ပြီးမမျှော်လင့်တဲ့အချိန် အန္တရယ်နဲ့ကြုံလာရစဥ်မှာ အကြွေးဝယ်ကတ်တွေ အကျိုးရှိရှိအသုံးပြုခြင်းရဲ့ အရေးပါမှုတွေကို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

  1. အကြွေးဝယ်ကတ်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

အကြွေးဝယ်ကတ်တွေဟာ ငွေကြေးဆိုင်ရာလူမှုဘဝနေထိုင်မှုကိုမြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူး များစွာရှိပါတယ်။ အဲ့ဒီအကျိုးကျေးဇူးတွေကတော့

  • အဆင်ပြေလွယ်ကူစေခြင်း အကြွေးဝယ်ကတ်တွေဟာ ငွေသားနဲ့ပေးချေစရာမလိုပဲနဲ့ အွန်လိုင်းကနေရော၊ ဖုန်းဆက်ပြီး စျေးဝယ်ယူခြင်းကနေရော ဒါမှမဟုတ် စတိုးဆိုင်တွေမှာစျေးဝယ်ခြင်း စသဖြင့် အဆင်ပြေလွယ်ကူစေတဲ့ ငွေပေးချေမှုနည်းလမ်းတွေနဲ့ ငွေပေးချေနိုင်ပါတယ်။
  • လုံခြုံစိတ်ချစေခြင်း အကြွေးဝယ်ကတ်တွေဟာ အတုအယောင်ငွေပေးချေခြင်းတွေကနေ ကာကွယ်ပေးမယ့် လုံခြုံစိတ်ချရတဲ့စနစ်ကို ထည့်ပေးထားပါတယ်။
  • ဆုငွေနဲ့အကျိုးခံစားခွင့်များပေးခြင်း အကြွေးဝယ်ကတ်အများစုမှာ စျေးဝယ်ပြီးတာနဲ့ ပြန်အမ်းငွေပေးခြင်း၊ ခရီးသွားတဲ့အခါပွိုင့်များပေးခြင်းနဲ့ အခြားအကျိုးကျေးဇူးတွေအပြင် ဆုငွေများနဲ့ အကျိုးခံစားခွင့်များပေးခြင်း စတဲ့အစီအစဥ်လဲပါဝင်လေ့ရှိတတ်ပါတယ်။
  • ချေးငွေမှတ်တမ်းထားပေးခြင်း အကြွေးဝယ်ကတ်တွေကိုသုံးတဲ့အခါ သင့်ချေးငွေမှတ်တမ်းမှာ လာမယ့်အနာဂတ်အတွက် ချေးငွေချေးခြင်း၊ အပေါင်စာချုပ်ချုပ်ဆိုခြင်း ဒါမှမဟုတ် သက်သာတဲ့ အတိုးနှုန်းတွေကို အလွယ်တကူရယူနိုင်ဖို့အတွက် မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။
  • အရေးပေါ်အခြေအနေများ အကျပ်အတည်းကာလ အထူးသဖြင့် ငွေကြေးပြဿနာတွေနဲ့ ကြုံရတဲ့အခါ အကြွေးဝယ်ကတ်တွေက အရေးပေါ်ငွေလိုအပ်မှုကို စုငွေအဖြစ် ကယ်တင်ဖြေရှင်းပေးနိုင်ပါတယ်။ ၆ လကနေ ၁၂လ အတွင်း အတိုးမပါတဲ့ ငွေပေးချေမှုလိုမျိုး အကျိုးအမြတ် တွေ ရရှိမယ်ဆိုရင် သင့်အတွက် အကျိုးကျေးဇူးများစွာရရှိစေမှာပါ။ ချေးဌားယူခြင်းတွေကို မလုပ်ဆောင်ခင် မှာတော့ ပြန်ကုန်ကျမယ့်စရိတ်တွေကို သေချာစစ်ဆေးပါ။ စီမံဆောင်ရွက်နှုန်းခလိုမျိုး သင် သတိမထားမိတဲ့ ကုန်ကျ မှုတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်‌ အောက်မှာဆက်လက်ဖော်ပြသွားမယ့်အကြောင်းအရာတွေမှာ ချေးဌားယူခြင်းဟာ အပြုသဘောဆောင်ခြင်းနဲ့အတူ အနုတ်လက္ခဏာဆောင်တဲ့သက်ရောက်မှုတွေ ရှိနေနိုင်တာကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

 

  1. အကြွေးဝယ်ကတ်အသုံးပြုခြင်းရဲ့ အန္တရာယ်များ

အကြွေးဝယ်ကတ်သုံးတဲ့အခါ အကျိုးကျေးဇူးများစွာရှိတတ်ပေမယ့် အလွဲသုံးစားပြုလုပ်မိပါက ငွေကြေး မတည်ငြိမ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ အကြွေးဝယ်ကတ်သုံး၍ အကြွေးယူထားတာနဲ့ ပတ်သတ်ပြီး ဆက်နွယ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ -

  • အတိုးနှုန်းများမြင့်လာခြင်း အကြွေးဝယ်ကတ်တွေသုံးတဲ့အခါ အကြွေးယူထားခြင်းက ပြန်ဆပ်တဲ့အခါမှာ အတိုးနှုန်းတွေမြင့်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ လက်ကျန်ပမာဏသေးသေးလေးတစ်ခုမှာ
  • အလွန်အကျွံသုံးစွဲခြင်း အကြွေးဝယ်ကတ်တွေဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက် ငွေပမာဏသုံးရာမှာ ဆွဲဆောင်နိုင်သလို အကြွေးယူခြင်းစက်ဝန်းနဲ့ ငွေကြေးဆိုင်ရာစိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထုတ်ကုန်တွေကို စျေးကွက်ထဲမှာ နည်းလမ်းတစ်ခုအနေနဲ့ အပြိုင်အဆိုင် ဈေးလျှော့ရောင်းခြင်းတာက လွယ်ကူအဆင်ပြေပေမယ့် အလွန်အကျွံသုံးစွဲမှုကိုလည်း ဖြစ်စေပါတယ်။
  • ငွေပေးချေမှုပမာဏအနည်းဆုံး ထောင်ချောက် လတိုင်းပေးချေရမယ့် အနိမ့်ဆုံးငွေပမာဏကိုသာ ပေးချေခြင်းဖြင့် ပြန်ဆပ်ရတဲ့အတိုးကာလကို အချိန်ကြာရှည်စေပြီး ပေးချေရမယ့်အတိုးနှုန်းကိုလဲ များပြားစေပါတယ်။
  • ‌အကြွေးယူခြင်းနဲ့ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှု အကြွေးဝယ်ကတ်မှာ အကြွေးကိုလွန်ကဲစွာထားခြင်းဟာ သင့်ကတ်ထဲမှာရှိတဲ့ရမှတ်တွေအပေါ်မှာ အနုတ်လက္ခဏာ ဆောင်တဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်ပြီး အနာဂတ်အတွက် ချေးငွေရယူတဲ့အခါမှာ သက်သာတဲ့အတိုးနှုန်းတွေရရှိဖို့ အခက်တွေ့စေပါတယ်။
  • ငွေကြေးပန်းတိုင် နှောင့်နှေးစေခြင်း သင့်ဝင်ငွေရဲ့ သိသာတဲ့ငွေပမာဏတစ်ခုကို အကြွေးဝယ်ကတ်အတွက် အတိုးပြန်လည်ပေးချေရတဲ့အခါ သင်မျှော်မှန်းထားတဲ့ ငွေကြေးပန်းတိုင်ရောက်ဖို့ နှောင့်နှေးစေတာ အသေအချာပါပဲ။
  • စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း လတစ်လချင်းစီမှာ ဝင်‌ငွေရတာနဲ့ အကုန်အသုံးပြုခြင်းက ငွေကြေးလွတ်မြောက်မှုကို အကန့်အသတ်ဖြစ်လာစေပါတယ်။ အကြွေးဝယ်ကတ်တွေကို အလွန်သုံးစွဲခြင်းက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေနိုင်ပါတယ်။ ငွေပေးချေမှုပြုလုပ်တာတွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ အီးမေးလ်လက်ခံခြင်း အစရှိတာတွေ လုပ်‌ဆောင်တဲ့အခါ သင်အမြဲစိုးရိမ်နေရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ လူမှုဆက်ဆံရေးကို တင်းမာစေပြီး အလုပ်စွမ်းဆောင်ရည်ကိုထိခိုက်ရုံသာမက ဘဝရဲ့ စိတ်ကျေနပ်မှုကိုလဲ လျော့ကျစေနိုင်ပါတယ်။

 

  1. အကျိုးရှိအောင်သုံးပါ၊ အလွဲမသုံးပါနဲ့:

အကြွေးမတင်ဘဲ အကြွေးဝယ်ကတ်တွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ချမှတ်ကျင့်သုံးဖို့ အရေးကြီးပါတယ်။

  • ငွေကြေးသုံးစွဲမှုရေးဆွဲခြင်း မိမိရဲ့ လစဥ်ငွေကြေးသုံးစွဲမှုကို ရေးဆွဲထားပြီး အကောင်အထည်ဖော်ကာ လိုက်နာပါ။ ဝင်ငွေနဲ့ ကုန်ကျစရိတ်တွေကို နားလည်ထားပြီး သင်ဝယ်ယူရမယ့်အရာတွေကို ဦးစားပေးလုပ်ဆောင်ပါ။ အကြွေးဝယ်ကတ်ဖြင့် ဝယ်ယူတဲ့အခါ သင့်စုစုပေါင်းဝင်ငွေရဲ့ ၃၀% ထက် ပိုပြီး မသုံးမိစေဖို့အတွက် သတိပြုစေချင်ပါတယ်။

 

  • အပြည့်အဝပေးချေပြီး အလိုအလျောက်လုပ်ဆောင်ပါ လတိုင်းအတိုးနှုန်းများသထက်များလာတာကို ရှောင်ရှားဖို့ သင့်အကြွေးဝယ်ကတ်ပမာဏကို ငွေအပြည့်ဖြည့်ပြီး ပေးချေပါ။ ဒါဆိုရင်တော့ အကြွေးတွေစုပုံခြင်းကနေ ကင်းလွတ်စေမှာဖြစ်ပြီး အကြွေးဝယ်ကတ်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာသေချာပါတယ်။
  • အကြွေးဝယ်ကတ်အသုံးပြုမှုကိုကန့်သတ်ထားပါ အကြွေးဝယ်ကတ်တစ်ကတ်တည်းကိုသာ ကန့်သတ်အသုံးပြုပါ။ အကြွေးဝယ်ကတ်များစွာအသုံးပြုခြင်းက မိမိအသုံးစရိတ်ကို တိုးစေပြီး ငွေကြေးကို သေချာစီမံခန့်ခွဲနိုင်ဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။
  • အသုံးစရိတ်ကိုမှတ်ထားပါ သင့်အသုံးစရိတ်ကိုခြေရာခံဖို့ အကြွေးဝယ်ကတ်အခြေအနေကို မကြာခဏစစ်ဆေးပြီး ခွင့်ပြုခြင်းမရှိတဲ့ ပေးချေမှုတွေ ရှိနေလားဆိုတာ လေ့လာပါ။ ဒီလိုအလေ့အကျင့်က မိမိရဲ့ ငွေကြေးအခြေအနေကို သိရှိစေနိုင်ပြီး ဖြစ်နိုင်ချေရှိတဲ့ကိစ္စရပ်တွေကိုဖြေရှင်းဖို့အတွက် ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။
  • အရေးပေါ်ရန်ပုံငွေထားခြင်း မမျှော်လင့်ထားတဲ့အသုံးစရိတ်တွေအတွက် အကြွေးဝယ်ကတ်တွေ အပေါ် မှီခိုခြင်းအစား အရေးပေါ်ရန်ပုံငွေတစ်ခုထားရှိပါ။ အရန်ရန်ပုံငွေထားရှိခြင်းဖြင့် အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်လာရတဲ့အခါ အကြွေးဝယ်ကတ်လိုအပ်မှုကိုလျှော့ချပေးမှာပဲဖြစ်ပါတယ်။

 

နိဂုံးချုပ်:

အကြွေးဝယ်ကတ်အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးတွေ အဆင်ပြေလွယ်ကူစွာရရှိနိုင်ပေမယ့် စနစ်တကျသုံးဖို့တော့ အရေးကြီးပါတယ်။ လွန်ကဲစွာ အသုံးပြုမိရင်တော့ အတိုးမြင့်ကာ အကြွးပမာဏများလာခြင်း၊ အသုံးစရိတ်များခြင်း၊ အနိမ့်ဆုံးငွေပေးချေမှုထောင်ချောက်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ အခြားဖြစ်လာနိုင်တဲ့ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အကြွေးဝယ်ကတ်တွေကို စည်းကမ်းရှိရှိစနစ်တကျအသုံးပြုခြင်းဖြင့် သင်က အကြွေးဝယ်ကတ်ရဲ့အကျိုးကျေးဇူးတွေကို အမှန်တကယ်သိရှိခံစားနိုင်ပြီး မိမိရဲ့ပြဿနာတွေကိုလျော့ပါးစေကာ ကောင်းမွန်တဲ့ငွေကြေးနည်းလမ်းကိုလဲ ရရှိစေနိုင်ပါတယ်။ အဓိကမှတ်သားထားရမှာက အကြွေးဝယ်ကတ်တွေကို ထိန်းထိန်းသိမ်းသိမ်းကျင့်သုံးဖို့၊ ငွေကြေးဆိုင်ရာတာဝန်တွေကို ဦးစားပေးလုပ်ဆောင်ဖို့နဲ့ မိမိရဲ့ ငွေကြေးအခြေအနေကို စိတ်ဖိစီးစေမယ့်အစား ပိုမိုအကျိုးရှိစွာ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့